ကန်တေတယောက် ထူးထူးဆန်းဆန်းဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။

ချဲလ်ဆီး ကွင်းလယ်လူ ကန်တေဟာ မနေ့ညက ဘရိုက်တန်နဲ့ သရေကျခဲ့တဲ့ပွဲမှာ ရယ်ရခက်၊ ငိုရခက် ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက လူကာကူရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ဘရိုက်တန်ဘက်က လူစားဝင်ကစားသမား ဝဲလ်ဘတ်ရဲ့ ချေပဂိုးကြောင့် အိမ်ကွင်းမှာ သရေတမှတ်နဲ့ ကျေနပ်ခဲ့ရတာပါ။



ဒီပွဲမှာ ကန်တေက ချဲလ်ဆီးရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ မပါဝင်ခဲ့ပေမယ့် လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ ပွဲကစားချိန် (၈၈) မိနစ်မှာတော့ ပြိုင်ဘက် ဘရိုက်တန်ကစားသမား အယ်လ်ဇာတီနဲ့ ဘောလုံးယှဥ်လုရင်း လဲကျခဲ့ရာမှာတော့ ကွင်းလယ်ဒိုင်က ခရာမှုတ်၊ ပြစ်ဒဏ်ဘောသတ်မှတ်ခဲ့ပါတယ်။

တကယ်တမ်းမှာတော့ ဒီပြစ်ဒဏ်ဘောက ချဲလ်ဆီးတို့ ကန်ရမှာဖြစ်ပေမယ့် ကန်တေကတော့ ထူးထူးဆန်းဆန်းနဲ့ပဲ သူ့ကြောင့် ပြစ်ဒဏ်ဘော ပေးရတယ်ထင်ပြီး ခံစစ်ကို ပြန်ပြေးဆင်းသွားခဲ့တာပါ။ ပရိသတ်အချို့ကတော့ ဒီဖြစ်ရပ်ကို သတိထားမိခဲ့ပြီး ကန်တေ ဘာလို့ ဒီလိုပြေးဆင်းသွားခဲ့ရတာလဲလို့ မေးခွန်းထုတ်နေကြပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာတော့ ကန်တေက ချဲလ်ဆီး ပြစ်ဒဏ်ဘော ရတာကို မသိဘဲ အခုလိုမျိုးပဲ ပြုမူသွားခဲ့တာပါ။ တကယ်တမ်းမှာလည်း ကန်တေတယောက် နောက်မှ ချဲလ်ဆီးပြစ်ဒဏ်ဘောရတာကို သိရှိခဲ့ရပြီး အံ့အားသင့်ခဲ့ရပါတယ်။

ပရိသတ်တွေကတော့ ဒီဖြစ်ရပ်အတွက် မျိုးစုံမှတ်ချက်ပေးနေကြပြီး ချဲလ်ဆီးရဲ့ သရေရလဒ်ကြားထဲက ကန်တေရဲ့ ဒီအပြုအမူကို မြင်ရတာ ချဲလ်ဆီးပရိသတ်တွေအတွက် ရယ်စရာဖြစ်ခဲ့ပါတယ်။

ပရိသတ်တယောက်က “ကန်တေက သူ ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တယ်ထင်ပြီး ပြုံးပြုံးကြီး နောက်ပြန်ဆင်းသွားတာ ရယ်စရာကောင်းပါတယ်” “ကန်တေ ပြစ်ဒဏ်ဘောရခဲ့တဲ့အကြောင်းက ချစ်ဖို့ကောင်းနေလို့ပါ” လို့ အမျိုးမျိုးမှတ်ချက်ပေးခဲ့ကြပါတယ်။  

Share

က္က