Huawei ကအာရုံဦးကောင်းကင်ပြာလို့ တင်စားရမယ့် အရောင်အသစ် နဲ့ HUAWEI nova 2i Aurora Blue ကိုမိတ်ဆက်ပေးခဲ့ပါတယ်။
Sponsored bylogo
 

စမတ်ဖုန်းအမှတ်တံဆိပ်တွေမှိုလိုပေါက် ပေါများနေတဲ့ ခေတ်ထဲမှာ ရပ်တည်မှုကြာမြင့်ပြီး ပရိသတ်အခိုင်အမာရရှိပြီးသား Brand တစ်ခုဖြစ်တဲ့ HUAWEI Company ကနေ ဆန်းသစ်ပြောင်းလဲမှုရဲ့ အထင်ကရထုတ်ကုန်အဖြစ် nova Series တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။အဲဒီအထဲကမှ လက်တလောလူကြိုက်အများဆုံးဖြစ်နေတဲ့ nova 2i Aurora Blue (သို့)  အရုဏ်ဦးရဲ့ကောင်းကင်ပြာ ကိုလေ့လာသုံးသပ်ကြည့်ချင်ပါတယ်။လွန်ခဲ့တဲ့ နှစ်တွေတုန်းက HUAWEI က ထုတ်တဲ့ စမတ်ဖုန်းတော်တော်များများဟာ သုံးစွဲသူတွေလက်ထဲရောက်ခဲ့ပေမယ့်လည်း ဝေဖန်သံတွေ အနည်းငယ် ကြားခဲ့ရပါတယ်။နောက်ပိုင်း network ပိုင်းကအစ တိုးတက်လာတဲ့ ခေတ်ထဲမှာတော့ HUAWEI ရဲ့ High End စမတ်ဖုန်းတွေဟာ သုံးစွဲသူတွေ အံ့သြယူရလောက်အောင်အထိ အရည်အသွေးပိုင်းမြင့်တက်လို့လာပါတယ်။

တခြားအမှတ်တံဆိပ်တွေနဲ့ ယှဉ်ပြိုင်စရာမလိုလောက်အောင် ပြည်တွင်းဈေးကွက်တွေမှာ နေရာယူထားတာလည်း အားလုံးအသိပါပဲ။Leica နဲ့ပေါင်းပြီး စတင်ထုတ်လုပ်ခဲ့တဲ့အချိန်ကစပြီး ကင်မရာပိုင်းအလန်းစားတွေနဲ့ ပုံတွေ ရုပ်ထွက်တွေ ပြည်တွင်းက mobilegraphy သမားတွေရဲ့ လက်ရာတွေကို မြင်တွေ့ခံစားခဲ့ရပြီး မဟုတ်ပါလား။Business Insider ရဲ့ထုတ်ပြန်ချက်တခုမှာ တရုတ်မှာတောင် HUAWEI ရဲ့ စမတ်ဖုန်းထုတ်လုပ်ရောင်းချမှုအရေအတွက်က တခြားစမတ်ဖုန်းတွေထက်သာနေတယ်လို့ဖော်ပြခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒီနှစ်ခရစ်စမတ်ရဲ့ လဝက်တာကာလမှာတော့ Huawei ကအာရုံဦးကောင်းကင်ပြာလို့ တင်စားရမယ့် အရောင်အသစ် နဲ့ HUAWEI nova 2i Aurora Blue ကိုမိတ်ဆက်ပေးခဲ့ပါတယ်။

HUAWEI nova 2i အပြာရောင်စမတ်ဖုန်းဟာ Selfie ကင်မရာ ဘာတွေ၊ဘယ်လိုဆိုပြီး ရေပန်းစားစမတ်ဖုန်းတွေရဲ့ အထဲမှာမှ ပုံတွေ ရိုက်ရာမှာပဲ ဖြစ်ဖြစ်၊ ပုံရိပ်တွေကို ပုံဖော်ရာမှာပဲ ဖြစ်ဖြစ်၊ လူမှုကွန်ယက်တွေကို အသုံးပြုရာမှာပဲ ဖြစ်ဖြစ်၊ ပြည့်ဝစွာအသုံးပြုနိုင်မယ့် မျက်နှာပြင်ပြည့် 5.9 HUAWEI FullView Diplay ကိုတမူထူးခြားစွာ မိတ်ဆက်ထားတာပဲဖြစ်ပါတယ်။ Real Camera 16 Mega Pixel ရယ် Front Camera  13 Mega Pixl ကင်မရာ ၄လုံးဆိုတဲ့ အတိုင်း အရှေ့ဘက်ကမြင်ကွင်းတွေကို ရိုက်ကူးချင်တာပဲဖြစ်ဖြစ် ကိုယ့်ဘက်ကိုယ့်အလှ ၊သူငယ်ချင်းအစုအဖွဲ့တွေနဲ့ဆယ်လ်ဖီ ရိုက်ချင်တာပဲဖြစ်ဖြစ် ပရိုဆန်ဆန်ရိုက်ကူးချင်တာပဲဖြစ်ဖြစ် ဒါဟာအသုံးတည့်စေဖို့ အလွန်အကျွံဖွဲ့စည်းတည်ဆောက် ထားတာမျိုးမဟုတ်ပဲ သေသပ်လှပတဲ့ ကင်မရာနေရာအထားအသိုနဲ့ Dual Flash ပါပါဝင် တည်ဆောက်ထားပြီး သုံးစွဲသူစိတ်ကြိုက်ဖြစ်စေမယ့်အနေအထားကိုတွေ့ရပါလိမ့်မယ် ။ရွှေရောင် ၊အနက်ရောင်တွေထက် ပိုတည်ငြိမ်ပြီး ပိုခန့်ထည်တဲ့ အသွင်ဆောင်နေတဲ့ အာရုဏ်ဦးရဲ့ကောင်းကင်ပြာ (Aurora Blue) ကို ဝယ်ယူမိတာက မမှားဘူးဆိုတာမျိုးကို သုံးစွဲသူတွေအနေနဲ့ သိလာပါလိမ့်မယ်။

တကူးတက Download လုပ်စရာမလိုတဲ့ ကင်မရာ Effect တွေဟာ သင့်ကို သင်နဲ့ သင့်မိတ်ဆွေတွေကို ထူးခြားပျော်ရွှင်ဖွယ်ကောင်းတဲ့ ကမ္ဘာသစ်တစ်ခုစီကို ခေါ်ဆောင်သွားပါလိမ့်မယ်။တခြားသော အမျိုးမျိုးစိတ်ဝင်စားဖွယ် feature တွေကတော့ nova 2i စမတ်ဖုန်းကနေသင့်ကို စောင့်ကြိုနေပါလိမ့်မယ်။ဥပမာ -စကရင်ကို နှစ်ချက်ခေါက်ရင် screen shot လုပ်ပေးတာမျိုး ၊Build in app ဖြစ်တဲ့ Heath care ကနေ သင့်ရဲ့ ကျန်းမာရေးအတွက် ပြေးတာတွေ၊လမ်းလျှောက်တာတွေအတွက် Auto Calori တွက်ချက်ပေးတာမျိုးတွေကိုတွေ့ကြုံခံစားရမှာပါ။ဆင်းမ်ကတ် ၂ကတ်အသုံးပြုနိုင်တယ် ၊နှစ်ကတ်သုံးရင် မမ်မိုရီကတ်သုံးလို့မရဘူးလို့လည်းမပြောလိုက်ပါနဲ့ ဖုန်းတကတ်ပဲသုံးမယ်ဆို 256 GB ထိတိုးနိုင်မယ် Build in ကလည်း 64 GB ၊သင် စိတ်ကြိုက်သိုလှောင်နိုင်မယ့် မမ်မိုရီပမာဏအတွက် nova 2i Aurora Blue က OTG ကို Support ပေးထားပါသေးတယ်။ဖုန်းတလုံးရဲ့ အပြင်အဆင်တွေကို ထပ်မံပြီး လှပအောင် Theme တွေနဲ့တန်ဆာဆင်ချင်တယ်ဆိုရင်လည်း HUAWEI Theme Editor ကသင့်ကို သင့်အကြိုက်ပုံရိပ်တွေ icon တွေနဲ့စောင့်ကြိုနေပါလိမ့်မယ်။

ဈေးနှုန်းအနေနဲ့ သုံးသိန်းကျော် အတိအကျဆိုရရင် ၃၉၉,၀၀၀ မှာ ကင်မရာပိုင်းကြိုက်တဲ့သူတွေအတွက်ကော ၊အတွင်း Specification ကြိုက်တဲ့သူတွေအတွက်ကော မျက်စိစုံမှိတ်ဝယ်သင့်တဲ့ စမတ်ဖုန်းတစ်လုံးဟာ  အာရုဏ်ဦးရဲ့ကောင်းကင်ပြာ (Aurora Blue) လို့ပဲ ညွှန်းပါရစေ..။နည်းပညာဆောင်းပါးတွေ စမတ်ဖုန်း Reviews တွေထဲမှာတော့ ကိုယ်ရည်သွေးတီးလုံးသံတွေကြားနေတာကနေ ကိုယ်တိုင်စမ်းသပ်သုံးစွဲကြည့်တာက သုံးစွဲသူတွေအတွက် အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်မှာပါ။Opreation System က Android 7.0, EMIUI က 5.1 ,အသံပိုင်းဆိုင်ရာမှာ 3D Sound Effect  ၊ ပရိုဆက်ဆာတွေအနေနဲ့ကလည်း 1.7GHz Octa-Core HI silicon Kirin 659 ပရိုဆက်ဆာသုံးထားပြီး 4GB RAM ကို သုံးထားတဲ့အတွက် Graphic မြင့်တဲ့ ဂိမ်းတွေလည်း ဆော့နိုင်တယ် ၊Destop ပေါ်တင်ဆော့မှသာ ရတဲ့ ဂိမ်းမျိုးတော့ဖုန်းနဲ့  ဆော့ချင်လို့တော့ မရဘူးပေါ့ ၊ပေးရတဲ့ဈေးနဲ့တန်တဲ့ Mid-Range ဖုန်းတွေထဲမှာ သင့်ကို  အာရုဏ်ဦးရဲ့ကောင်းကင်ပြာ (Aurora Blue) က စိတ်တိုင်းကျကျေနပ်စေမှာပါ။ ဘက်ထရီကလည်း 3340 mAh ဆိုတော့ သင့်တနေတာလုံးမှာ nova 2i Aurora Blue က မခွဲအတူရှိနေနိုင်ပြီပေါ့။

Share

Loading Next Article...
က္က