ဒီအလှူမှာ သရုပ်ဆောင် နေထူးနိုင်လည်း ပါဝင်ခဲ့ပါတယ်။

ပရဟိတအနုပညာရှင်တွေ ဖြစ်တဲ့ သရုပ်ဆောင် ဝေဠုကျော် နဲ့ နေထူးနိုင်တို့ကတော့ လှိုင်သာယာမြို့နယ်အတွင်းက လူကြမ်းသရုပ်ဆောင်တွေအတွက် ငွေကျပ်(၃) သောင်းစီနဲ့ စားနပ်ရိက္ခာတွေ လှူခဲ့တာကို တွေ့ရပါတယ်။ 

Photo: Wai Lu Kyaw



သရုပ်ဆောင် ဝေဠုကျော် နဲ့ နေထူးနိုင်တို့ အနုပညာညီအစ်ကို နှစ်ယောက်ကတော့ လှိုင်သာယာမြို့နယ် အတွင်းမှာနေထိုင်တဲ့ လူကြမ်းသရုပ်ဆောင်များအတွက် စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

"18-5-2020 နွမ်းပါးပြည်သူနိုင်သလောက်ကူ၊ လူကြမ်းသရုပ်ဆောင်များ၊ ယနေ့ လူကြမ်းသရုပ်ဆောင်များ(Stunt men)အား ကူညီထောက်ပံ့ရေး၊ အစီအစဉ် အရ လှိုင်သာယာမြို့နယ်နေ လူကြမ်းသရုပ်ဆောင်များအား စတင်ထောက်ပံ့ကူညီ။ ငွေ (၃) သောင်းကျပ်၊ ဆန် (၁၀) ပြည်၊ ဆီ (၅၀)သား၊ ကြက်သွန် (၁)ပိသာ၊ ကြက်ဥ (၁၀)လုံး၊ အာလူး (၁)ပိသာ၊ ရှပ်အကျီ်အသစ် (၁)ထည် စီ ထောက်ပံ့။ ဝေဠုကျော်၊ နေထူးနိုင် အနုပညာရှင်များ အလှူရှင်များ" ဆိုပြီးတော့ မေလ (၁၈) ရက်နေ့ မနက် ၈ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။ 

Photo: Wai Lu Kyaw

သရုပ်ဆောင် ဝေဠုကျော် ဦးဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ အခုလက်ရှိ COVID-19 ရောဂါ ကာကွယ်ရေးအတွက် သံသယလူနာများ သယ်ယူပို့ဆောင်ခြင်း၊ ဆေးဖြန်းခြင်းများဆောင်ရွက်လျှက်ရှိပါတယ်။ အဲဒီနောက် အမှန်တကယ် လိုအပ်မှု ရှိနေတဲ့ နေရာဒေသတွေမှာလည်း စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ မေလ(၁၇) ရက်နေ့တုန်းကလည်း နာဂဒေသအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို ဝေဠုကျော် ဖောင်ဒေးရှင်းက လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 

Photo: Wai Lu Kyaw

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။ အဲဒီနောက် လာကမ်းလှမ်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က