ဘာစီလိုနာအတွက် တော်တော်လေးစိတ်ပျက်စရာဖြစ်နေပါတယ်။

နှစ်အတန်ကြာ စီမံခန့်ခွဲမှုတွေလွဲမှားနေခဲ့တဲ့ ဘာစီလိုနာကို ပြန်လည်တည်ဆောက်ဖို့ ဇာဗီက ကြိုးပမ်းနေချိန်မှာ ဒမ်ဘီလီကြောင့် အခက်တွေ့နေရပြန်ပါပြီ။ ဖာရန်းတောရက်စ်ကို ခေါ်ယူထားပြီး ကော်တင်ဟိုကို အငှားချကာ ဇန်နဝါရီအပြောင်းအရွှေ့ကာလကို ဘာကာက ဖြတ်သန်းနေပြီး ဒမ်ဘီလီကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် လုံးပမ်းနေတာလည်းဖြစ်ပါတယ်။ 

ရာသီကုန်မှာ ဒမ်ဘီလီက စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားဖြစ်ပြီး စာချုပ်သစ်အတွက်ဆွေးနွေးနေရာမှာတော့ သူ့ရဲ့တောင်းဆိုမှုကြောင့် ဘာကာတို့ စကားတောင်ပြန်မပြောနိုင်အောင် ဖြစ်နေရတယ်လို့ သိရပါတယ်။ ဂျာမနီသတင်းထောက် Florian Plettenberg ရဲ့ ဖော်ပြချက်အရ ဒမ်ဘီလီဟာ တပတ်လုပ်ခ ပေါင် ၇ သိနးအထိတောင်မှ တောင်းဆိုထားပြီး တနှစ်အတွက် ပေါင် ၃၆ သန်းအထိ အလိုရှိနေတယ်လို့ သိရပါတယ်။ 

ဒီပမာဏဟာ မက်ဆီ၊ ရော်နယ်ဒိုတို့ ရရှိနေတဲ့ လစာထက်တောင်မှ များပြားနေတာလည်းဖြစ်ပါတယ်။ ဒေါ့မွန်ကနေ ဘာကာကို ရောက်ရှိပြီးနောက် ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး မျှော်လင့်သလိုမလုပ်ပြနိုင်တဲ့ အခြေအနေမှာ သူ့ရဲ့တောင်းဆိုမှုက တော်တော်လေးတော့ အံ့အားသင့်စရာကောင်းနေတာအမှန်ပါပဲ။ ဘာစီလိုနာကလည်း ကစားသမားရဲ့ခြေစွမ်းကောင်းမွန်မှုကို သိရှိထားလို့ စားရမှာလည်းသဲတရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီတဝင်းဝင်းဆိုသလိုဖြစ်နေပါတယ်။

ဒမ်ဘီလီကို ဘိုင်ယန်မြူးနစ်က စိတ်ဝင်စားနေတယ်လိ့ သိရပြီး တခြားကလပ်အသင်းအနည်းငယ်ကလည်း ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ဒဏ်ရာမှတ်တမ်းတွေက စဉ်းစားစရာဖြစ်နေပြီး ၅ နှစ်အတွင်း လိဂ်ပွဲ ၈၆ ပွဲသာ ကစားပေးထားနိုင်တဲ့ အခြေအနေကြောင့် ခေါ်ယူဖို့ရာ မဝံ့မရဲဖြစ်နေတယ်လို့ သိရပါတယ်။ 

Share

က္က