ကမ္ဘာ့ဖလားကို ကိုင်မြှောက်ပြီး အောင်ပွဲခံနေတဲ့ ပုံ ၂ ပုံကို တင်ခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေဟာ လီယွန်နယ် မက်ဆီ တင်ခဲ့တဲ့ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နေတဲ့ ဓာတ်ပုံဟာ ကာရင် ဘန်ဇီးမားကို တုံ့ပြန်လိုက်တာဖြစ်တယ်လို့ ကောက်ချက်ဆွဲခဲ့ကြပါတယ်။

လီယွန်နယ် မက်ဆီရဲ့ အင်စတာဂရမ်ပို့စ်ဟာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးက ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုပေးပွဲမှာ အာဂျင်တီးနားကြယ်ပွင့်ကို ဆုရရှိသူအဖြစ် သတ်မှတ်ခဲ့မှုအပေါ်မှာ ဝေဖန်ပြစ်တင်ခဲ့ပြီးနောက်မှာ တက်လာခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်ဟာ တနင်္လာနေ့က ပဲရစ်မှာ ကျင်းပခဲ့တဲ့ ဖီဖာရဲ့ ဆုပေးပွဲမှာ ကာရင် ဘန်ဇီးမားနဲ့ ပီအက်စ်ဂျီအသင်းဖော် ခီလီယန် အမ်ဘာပေတို့ကို ကျော်ဖြတ်ပြီး ဆုရရှိသွားခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ကာတာမှာ အာဂျင်တီးနားအသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပေးခဲ့ပြီး ၎င်းရဲ့ ထူးခြားတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအောင်ပွဲအတွက် ဂုဏ်ပြုခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘန်ဇီးမားဟာ ပဲရစ်က ဆုပေးပွဲမှာ လီယွန်နယ် မက်ဆီ ဆုလက်ခံရယူခဲ့တာကို မကျေမနပ်ဖြစ်နေခဲ့ပုံပေါ်ပြီး ၎င်းရဲ့ အင်စတာဂရမ်အကောင့်မှာ "လူလိမ်။ ဟုတ်တယ်။ မင်းက လူလိမ်"လို့ ပြောကြားထားတဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာ ပြီးတဲ့နောက်မှာ ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ရွေးချယ်တဲ့ကာလအဆုံးမတိုင်ခင် ပြီးခဲ့တဲ့သြဂုတ်လအထိ ၎င်းရဲ့ အောင်မြင်မှုစာရင်းတွေကို တင်ခဲ့တာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီက ၎င်းရဲ့ အင်စတာဂရမ် စတိုရီမှာ ဘန်ဇီးမားကို ပညာသားပါပါနဲ့ ပါးစပ်ပိတ်သွားစေမယ့်ပို့စ်ကို တင်ခဲ့ပုံပေါ်ပြီး ကမ္ဘာ့ဖလားကို ကိုင်မြှောက်ပြီး အောင်ပွဲခံနေတဲ့ ပုံ ၂ ပုံကို တင်ခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေဟာ လီယွန်နယ် မက်ဆီရဲ့ စတိုရီဟာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကို ပြန်လည်တုံ့ပြန်လိုက်တာဖြစ်တယ်လို့ ကောက်ချက်ချခဲ့ကြပြီး ပရိသတ်တစ်ဦးက "သူက ဘန်ဇီးမားကို ငိုနေလိုက်လို့ ပြောနေတာပဲ။ ငါ့ရဲ့ GOAT ကြီး"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က