ရီးရဲလ်နဲ့ပွဲမှာ လူချခံရပြီး အဝါကတ်ပါအပြခံလိုက်ရပါတယ်။

စပိန်မြေမှာတော့ အန်သိုနီမာရှယ်တယောက် ကံမကောင်းသေးပါဘူး။ ဆီဗီလာမှာ လာလီဂါသွင်းဂိုးတဂိုးမှမရသေးဘဲ ရုန်းကန်နေရတဲ့ မာရှယ်ဟာ မနေ့က ရီးရဲလ်နဲ့ပွဲမှာလည်း ဂိုးပေါက်ထပ်ပျောက်ခဲ့ပြီး လူပါအချခံခဲ့ရပါတယ်။ ရီးရဲလ်ကွင်းလယ်လူကာမာဗင်ဂါရဲ့ ဖျက်ထုတ်မှုကိုခံခဲ့ရပြီး ဆက်မကစားနိုင်လို့ လူစားလဲခံခဲ့ရတဲ့အပြင် အဝါကတ်ပါ အပြခံရတဲ့အထိ ကံဆိုးနေတာပါ။ 

၂-၀ နဲ့ ဆီဗီလာတို့ ဦးဆောင်နေချိန်မှာ အဝါတကြိမ်ထိထားတဲ့ ကာမာဗင်ဂါရဲ့ ဖျက်ထုတ်မှုက နောက်တဝါပြခံရကိန်းရှိခဲ့တာပါ။ ဒါပေမယ့် ကွင်းလယ်ဒိုင်ကတော့ ကာမာဗင်ဂါကို အဝါကတ်မပြဘဲ လူချခံရတဲ့ မာရှယ်ကိုသာ အဝါကတ်ပြခဲ့ပါတယ်။ မာရှယ်ကတော့ တကယ်ကို နာကျင်ခဲ့တာဖြစ်ပြီး ပွဲကိုဆက်မကစားနိုင်တော့လို့ လူစားလဲခံခဲ့ရပါတယ်။ 

တကယ်လို့သာ ကာမာဗင်ဂါကို အဝါပြမယ်ဆိုရင်တော့ ရီးရဲလ်တို့ အခုလိုမျိုး နိုင်ပွဲရဖို့က လွယ်ကူမှာမဟုတ်တော့ပါဘူး။ မာရှယ်ကတော့ ဆီဗီလာအတွက် လာလီဂါပွဲ ၇ ပွဲကစားပေးထားပြီးချိန်မှာ ဖန်တီးမှု ၁ ကြိမ်တည်းသာ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ရာသီကုန်ရင် မိခင်ကလပ်ယူနိုက်တက်ကို ပြန်လာရမှာဖြစ်ပြီး သူ့ရဲ့အနာဂတ်ကတော့ ပိုမိုဆိုးရွားလာဖွယ်ရှိနေပါတယ်။ 

ဆီဗီလာမှာလည်း ခြေစွမ်းမပြနိုင်လို့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံနေရပြီး သူ့အတွက်တော့ ဘာပဲလုပ်လုပ်အရာမထင်တဲ့ အချိန်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ သူ့ရဲ့ဖောက်ပြန်မှုကြောင့် ဇနီးသည်နဲ့ပါလမ်းခွဲခဲ့ရတယ်လို့သိရပြီး ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသလိုကို ဖြစ်နေရပြန်ပါတယ်။


မနေ့ကပွဲမှာတော့ လူလည်းအချခံရသေး၊ အဝါကတ်ပါထိတဲ့အပြင် ဆက်မကစားနိုင်တော့လို့ လူစားပါလဲလိုက်ရတဲ့အထိကို ကံဆိုးသွားခဲ့ပြန်ပါတယ်။


Share

Loading Next Article...
က္က