စိတ်နေစိတ်ထားတွေကိုလည်း ပြောပြလာခဲ့ပါသေးတယ်။

ဂွမ်းပုံလေးက လူမင်းကို ဒါရိုက်တာပညာရပ်မှာရော သရုပ်ဆောင်ပညာရပ်မှာပါ ဘက်စုံထူးချွန်တဲ့သူပါလို့ ပြောလာပါတယ်။

Photo: Bossy



သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံလေးကတော့ အနုပညာအလုပ်တွေ အတူတူလုပ်လာတဲ့ လူမင်းရဲ့ အနုပညာအရည်အသွေးတွေကို အခုလို ချီးကျူးပြောဆိုထားပါတယ်။ တကယ်ကို ဘက်စုံထူးချွန်တဲ့သူပါလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အန်ကယ်လေးရဲ့ အနုပညာစွမ်းအားဆိုတာက ပြောပြလို့မရလောက်အောင် တော်တဲ့ အနုပညာရှင်တစ်ယောက်လေ။ ကျန်စစ်မင်း ဇာတ်ကားကို ဒါရိုက်တာအဖြစ်ရိုက်ကူးတုန်းကလည်း အရမ်းတော်တယ်။ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း အထ္တုပတ္တိကိုလည်း ရိုက်နိုင်မယ့် ဒါရိုက်တာတစ်ယောက်ဖြစ်တယ်။ ညစ်တွန်းဇာတ်ကားရိုက်တာကလည်း ပြောစရာမလိုလောက်အောင်ကို အရမ်းတော်တဲ့ Actor တစ်ယောက်၊ ဒါရိုက်တာတစ်ယောက်ဖြစ်တယ်’’ လို့ သူကဆိုပါတယ်။

Photo: Bossy

အဲဒီနောက် လူမင်းရဲ့ စိတ်နေစိတ်ထားကိုလည်း တက္ကသိုလ်ဂွမ်းပုံလေးက ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ တီဂွမ်းတို့ အနုပညာရှင်တွေ အပေါ်မှာလည်း တကယ်ကို လေးစားစွာနဲ့ နွေးနွေးထွေးထွေး ဆက်ဆံတဲ့သူပါ’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၃ ရက်နေ့ညက Junction City မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ညစ်တွန်း ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Goon Sein

လူမင်းနဲ့ သရုပ်ဆောင် ဂွမ်းပုံလေးတို့ဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်ကို အဓိက ဇာတ်ဆောင်အနေနဲ့ အတူတွဲတွေ့ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဘောစိ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဇနီးမောင်နှံ နှစ်ယောက်အဖြစ် အတူတွဲသရုပ်ဆောင်ခဲ့တာပါ။

Photo: Goon Sein

ဂွမ်းပုံလေးရဲ့ အနုပညာသက်တမ်းကတော့ အရမ်းကို ကြာနေပါပြီ။ ရုပ်ရှင်ဇာတ်ကား အဖြူအမည်း ခေတ်ကတည်းက အနုပညာအလုပ်ကို ဆောင်ရွက်လာတဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ အိမ်အကူ ကာရိုက်တာ၊ မင်းသမီးရဲ့ သူငယ်ချင်းနေရာ၊ အဒေါ်နေရာ၊ အမေ နေရာ နဲ့ အစ်မကြီး နေရာတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်ရသူဖြစ်ပါတယ်။ အခုဆိုရင်တော့ တက္ကသိုလ်ဂွမ်းပုံလေးဟာ ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုအဖြစ် ‘’ ဤအရာကို အချစ်ဟု ခေါ်သလား’’ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီဆုကိုရရှိထားသူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က