နန်းမြတ်တစ်ယောက် ကိုယ်ဝန်နဲ့မို့ လူမှုရေးအလုပ်တွေမှာ သွားသွားလာလာ မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ သူမရဲ့ ပထမဆုံးကိုယ်ဝန်ဟာ သားယောကျ်ားလေး မွေးဖွားမှာဖြစ်ပါတယ်။
Photo: Nan Myat Phyo Thin
နန်းမြတ်ဖြိုးသင်းက ကိုယ်ဝန်လွယ်ထားရချိန်မှာ လူမှုရေး အလုပ်တွေမှာလည်း သွားသွားလာလာ မရှိတော့တာကြောင့် နားလည်ခွင့်လွှတ်ပေးဖို့ တောင်းဆိုလာပါတယ်။ နန်းမြတ်ရဲ့ ရင်သွေးလေးကိုတော့ ဧပြီလ ထဲမှာ မွေးဖွားသွားမယ်လို့ သိရပါတယ်။
‘’၂လလောက်ဘယ်ပွဲမှလဲမတက်ဖြစ် ဘယ်လူမှုရေးမှလဲမလုပ်ဖြစ်တာခွင့်လွှတ်ပါနော်။ ဗိုက်ကလဲပူလာ ခါးကလဲနာ အသက်ရှူကလဲကြပ်ဆိုတော့ အလှပြင်ဖို့လဲစိတ်မပါ ကြာကြာလဲမထိုင်နိုင် သွားရလာရတာလဲမလွယ်တော့လို့ နားလည်ခွင့်လွှတ်ပေးပါ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Nan Myat Phyo Thin
နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံက ဇန်နဝါရီလ ၂၄ ရက်နေ့က The Clinic INYA ဆေးခန်းမှာ အာထရာဆောင်းရိုက်ရင်းနဲ့ ဗိုက်ထဲမှာရှိနေတဲ့ သားလေးကို မြင်တွေ့ခွင့်ရလို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သားလေးကို တွေ့ခွင့်ရလိုက်တဲ့ နန်းမြတ်ရဲ့ရင်ထဲက ပီတိစကားကိုလည်း အခုလိုပြောပြလာပါတယ်။
‘’အချစ်ကလေးကိုမြင်ရတဲ့နေ့။ လှုပ်လိုက်တာမှအရမ်းပဲ၊ မျက်နှာကိုလက်နှစ်ဖက်လုံး ကွယ်လို့အားမရလို့ခြေထောက်နဲ့ပါကွယ်သေးတာ။စိတ်ရှည်ရှည်နဲ့ရအောင်ရိုက်ပေးတဲ့ဒေါက်တာဒေါ်ခင်ခင်အေးကျေးဇူး နဲ့ပုံလေးတွေရခဲ့လို့တော်သေးတယ်။ အဆော့မက်တဲ့သားလေးJack Jack’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Nan Myat Phyo Thin
ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ မှာပဲ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ အိမ်ထောင်သက်တမ်း ၁ နှစ်တာမှာလည်း ခင်ပွန်းဖြစ်သူ အပါအဝင် စိတ်ချမ်းသာအောင်ထားခဲ့ကြတဲ့ မိသားစုဝင်တွေ၊ ညီအစ်ကိုမောင်နှမတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာကျေးဇူးတင်စကား ပြောထားပါသေးတယ်။
Photo: Nan Myat Phyo Thin
နန်းမြတ်ဖြိုးသင်းကို တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာတွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲ့ဒီနောက် ဖေ့စ်ဘွတ်ရွာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ သရုပ်ဆောင် လောကထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ နန်းသူဇာနဲ့လည်း ‘’Friend’’ ဆိိုတဲ့ တေးစီးရီးအခွေလည်း ထွက်ရှိထားပါသေးတယ်။