အသက်အငယ်ဆုံးနဲ့ ဆာဘွဲ့ရတဲ့ ဘောလုံးသမားဖြစ်လာဖို့ရှိနေပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာဒေသမှာရှိတဲ့ ကလေးသူငယ်တွေ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ အစားအစာလောက်ငှအောင် စားသောက်နိုင်ဖို့အတွက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မျှဝေခဲ့တာဖြစ်ပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ လူမှုရေးအလုပ်တွေကို ထူးချွန်ပြောင်မြောက်စွာနဲ့ ပြုလုပ်နိုင်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တို်က်စစ်မှူးမားကပ်ရက်ရှ်ဖို့ဒ်ဟာ ဗြိတိန်ဘုရင်မကြီးရဲ့ သူကောင်းပြုခြင်းကို ခံရဖို့ နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ကာ ရက်ရှ်ဖို့ဒ်အနေနဲ့ သူကောင်းပြုခံရမယ်ဆိုတဲ့ အလေးပေးမှုတွေကို ဘွတ်ကီတွေက လျှော့ချနေပြီဖြစ်ပါတယ်။

Mirro သတင်းဌာနရဲ့ ဖော်ပြချက်အရ ရက်ရှ်ဖို့ဒ်ဟာ ၆လေး ၄လေးအထိ အလေးပေးခံနေရပြီးတော့ ဆာဘွဲ့ရဖို့ရေပန်းစားနေပြီလည်းဖြစ်ပါတယ်။ အသက် ၂၂နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ ပေါင်သန်း ၂ဝဖိုးအထိ ကူညီပေးနိုင်ခဲ့ပြီးတော့ ဗြိတိန်မှာ အစားအစာမျှဝေမှုအများဆုံးလုပ်ရပ်တစ်ခုကို ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာပဲ ရက်ရှ်ဖို့ဒ်ဟာ အထူးအသိအမှတ်ပြုခြင်းခံရတဲ့ ဆုတစ်ခုကိုရရှိထားခဲ့ပြီးလည်းဖြစ်ပါတယ်။ အချို့သောဘွတ်ကီတွေကတော့ ရက်ရှ်ဖို့ဒ် ဒီနှစ်အကုန် ၂၀၂၁ ခုနှစ်အတွင်းမှာ သူကောင်းပြုခြင်းခံရဖို့ရှိနေပြီး BBC သတင်းဌာနက ပေးအပ်မယ့် တစ်နှစ်တာအတွင်း အကောင်းဆုံးကိုယ်ရည်ကိုယ်သွေးပြသနိုင်ခဲ့တဲ့ အားကစားသမားဆုကို ရရှိမယ်လို့လည်း ခန့်မှန်းခဲ့ကြပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာဒေသမှာရှိတဲ့ ကလေးသူငယ်တွေ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ အစားအစာလောက်ငှအောင် စားသောက်နိုင်ဖို့အတွက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မျှဝေခဲ့တာဖြစ်ပါတယ်။ ဒီအတွက်လည်း သူ့အပေါ်မှာ ချီးကျူးမှုတွေအများအပြားရှိနေခဲ့ပြီး ကစားသမားကိုယ်တိုင်လည်း ဒီလိုလုပ်ဆောင်ပေးနိုင်ခဲ့တဲ့အတွက် ကျေနပ်ပျော်ရွှင်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ရက်ရှ်ဖို့အနေနဲ့ ဘုရင်မကြီးရဲ့ ဂုဏ်ပြုမှုကိုရရှိခဲ့မယ်ဆိုပါက ဘောလုံးလောကရဲ့ဂန္ထဝင်ကြီးတွေဖြစ်တဲ့ မတ်ဘက်စ်ဘီ၊ ဘော်ဘီချာလ်တန်၊ အဲလက်စ်ဖာဂူဆန်တို့လိုမျိုး "ဆာ" ဘွဲ့ရရှိမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကနေ ဆာဘွဲ့ရသူ လေးဦးအထိရှိလာမှာဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြဟောင်းကင်နီဒဲဂလစ်ရှ်ဟာလည်း ဆာဘွဲ့ကို ၂၀၁၈ မှာ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က