တစ်ယောက်လက် တစ်ယောက်ဆွဲပြီး ဝိုင်းကြီးပတ်ပတ် ဒူဝေဝေလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်ထဲကို ဝင်ရောက်ခဲ့တာ ၃ ရက်သာ ရှိသေးပေမယ့်လည်း ဂျပန်နိုင်ငံက အထက်တန်းကျောင်း ဘောလုံးအသင်းဟာ တစ်နှစ်တာ အဆိုးရွားဆုံး အလွတ်တည်ကန်ဘော ကန်သွင်းမှုပုံစံကို လုပ်ဆောင်ခဲ့ပြီဖြစ်ပါတယ်။


တာကဂါဝါ ဂခုအမ်း အထက်တန်းကျောင်းအသင်းဟာ ယခုလ ဂျပန်အထက်တန်းကျောင်း ဘောလုံးပြိုင်ပွဲက ဟီဂါရှိယမနဲ့ ပွဲစဉ်မှာ ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီး ထူးဆန်းတဲ့ တည်ကန်ဘော ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တာကဂါဝါ ကစားသမားတွေဟာ ပြိုင်ဘက်ကစားသမားတွေက အလွတ်တည်ကန်ဘောကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်နေချိန်မှာ ဘောလုံးရဲ့ရှေ့မှာ မတ်တပ်ရပ်နေခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

ပြီးတဲ့နောက်မှာ ထူးဆန်းတဲ့ဖြစ်စဉ် ဖြစ်ပျက်ခဲ့တာဖြစ်ပြီး တာကဂါဝါကစားသမား ၃ ဦးဟာ တစ်ယောက်လက် တစ်ယောက်ဆွဲပြီး ဝိုင်းကြီးပတ်ပတ် ဒူဝေဝေလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ အလွတ်တည်ကန်ဘော ကန်သွင်းတဲ့ လုပ်ငန်းစဉ်ဟာ စီစဉ်ထားသလို မဖြစ်ခဲ့ဘူးလို့ ပြောရရင် မှန်မှာဖြစ်ပြီး ပြိုင်ဘက်အသင်းကို အာရုံထွေပြားအောင် တစ်တန်းတည်း ပြေးလွှားခဲ့ပြီးနောက် တတိယမြောက်ကစားသမားက ဘောလုံးကို ကန်သွင်းဖို့ဆုံးဖြတ်ခဲ့ပေမယ့် ဘောလုံးက ဂိုးလွန်ဘောဖြစ်သွားခဲ့တာဖြစ်ပါတယ်။



ပရိသတ်တစ်ဦးက ထူးဆန်းတဲ့ အလွတ်တည်ကန်ဘောကန်သွင်းမှုကို တုံ့ပြန်ခဲ့ပြီး "ကျွန်တော့်အိပ်မက်က ပရော်ဖက်ရှင်နယ်အားကစားအသင်းအတွက် ဒီလိုမျိုး ကစားပေးပြီး ပိုက်ဆံရဖို့ပါ"လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်က ပြိုင်ပွဲမှာ တာကဂါဝါအသင်းဟာ ဆေးရောအသင်းနဲ့ ရင်ဆိုင်ခဲ့ချိန်တုန်းက အောင်မြင်တဲ့ အလွတ်တည်ကန်ဘော ကန်သွင်းမှု လုပ်ငန်းစဉ်ကို ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ အဲဒီပွဲစဉ်အတွင်းက သွင်းဂိုးတွေထဲက ၁ ဂိုးကို တည်ကန်ဘောကနေ အလွန်ကောင်းမွန်တဲ့ ခေါင်းတိုက်ချက်နဲ့ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က