နောက်ထပ်တစ်ကြိမ် အရေးပါတဲ့ သွင်းဂိုးကို သွင်းယူပြီးနောက် မစ္စတာ ချန်ပီယံလိဂ်လို့ ကင်ပွန်းတပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ပရိသတ်တွေဟာ ရီးရဲလ်မက်ဒရစ်အသင်းက ကာရင် ဘန်ဇီးမားနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့ ပို့စ်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို မလေးမစား ပြုလုပ်တာဖြစ်တယ်လို့ စွပ်စွဲခဲ့ကြတာဖြစ်ပါတယ်။

 

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟာ ဗုဒ္ဓဟူးနေ့ညက လီဗာပူးလ်ကို ၁-၀ နဲ့ အနိုင်ရရှိပြီး နှစ်ကျော့ပေါင်း ၆-၂ နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့ပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဘန်ဇီးမားဟာ အန်းဖီးမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်တုန်းက ၂ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ကာလို အန်ဆလော့တီရဲ့အသင်းအတွက် မကြာခဏ လုပ်ပေးနေကျအတိုင်း ဦးဆောင်မှုပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရော်နယ်လ်ဒို ထွက်ခွာသွားပြီးကတည်းက ဘန်ဇီးမားဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့်ကစားသမားအဖြစ် ပြောင်းလဲသွားခဲ့ပြီး အသင်းက လိုအပ်နေတဲ့ အကြီးမားဆုံးအခိုက်အတန့်တွေမှာ ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ပြင်သစ်ဝါရင့်တိုက်စစ်မှူးဟာ ၉ နှစ်လောက် ဘာနေဗျူးမှာ အထောက်အကူပေးတဲ့ အခန်းကဏ္ဍကနေ ကစားပေးခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အတွက် အဓိကဇာတ်ဆောင်အဖြစ် ကစားပေးနေတာကြောင့် နောက်ထပ်တစ်ကြိမ် အရေးပါတဲ့ သွင်းဂိုးကို သွင်းယူပြီးနောက် မစ္စတာ ချန်ပီယံလိဂ်လို့ ကင်ပွန်းတပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ရဲ့ မှတ်ချက်က ခရစ္စတီယာနို ရော်နယ်လ်ဒို ပရိသတ်တွေအတွက် ဒေါသထွက်စရာဖြစ်လာခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တသက်တာစံချိန်တင်သွင်းဂိုး ၁၄၀ နဲ့ ဆုဖလား ၄ ကြိမ်အထိ ရရှိခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်ရဲ့ ဂုဏ်ပုဒ်ကို သုံးနှုန်းခဲ့တဲ့အပေါ် တုံ့ပြန်ခဲ့ကြတာဖြစ်ပါတယ်။

 


“ဒါက ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လုံးဝ မလေးမစားလုပ်တာပဲ။ အက်မင် မူးနေတာလား”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း“မစ္စတာ ချန်ပီယံလိဂ်ဆိုတာက တစ်ယောက်ပဲ ရှိပြီး အဲဒါက ခရစ္စတီယာနို ရော်နယ်လ်ဒိုပဲ။ မြဲမြဲမှတ်ထား”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က