Facebook ဘက်ကတော့ ဒီအချက်ကို ငြင်းဆန်ထားပါတယ်

Facebook ပုံမှန် သုံးဖြစ်တဲ့ သူတိုင်း မမြင်ချင်မှ အဆုံးလို့ပြောနိုင်တဲ့ ပို့စ်တစ်ခုရှိပါတယ်။

Photo: exchange4media

         အဲဒီပို့စ်ကတော့ 10-year challenge လို့လူသိများတဲ့ ပို့စ်တစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်က ပုံအဟောင်းနဲ့အခု ဓါတ်ပုံသစ်နဲ့ယှဉ်ပြီး ဘယ်လိုကွာခြားသွားပြီလဲဆိုတာ ပြတဲ့ ပို့စ်ဖြစ်ပါတယ်။ Facebook မှာဆို ဒီပို့စ်ကို 2009-2019 ဆိုပြီး ဆယ်နှစ်ကာလက ပုံတွေနဲ့ပြသပေးပါတယ်။

         အလားတူပို့စ်တွေကို Facebook အပြင် Instagram နဲ့Twitter တို့မှာပါ ရေပန်းစားနေပြီး အန္တရာယ်ရှိနိုင်တဲ့ ပို့စ်တစ်ခုဖြစ်တယ်လို့ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။

         KO Insights နဲ့Tech Humanist တို့ရဲ့ founder ဖြစ်တဲ့ ကိတ်အိုနီးလ်ကတော့ သူမရဲ့ Twitter ကနေ ဒီလို ပို့စ်တွေ ၊ meme တွေဟာ အချက်အလက်တွေ ထုတ်ယူဖို့နဲ့မျက်နှာပြင်ဖတ် algorithms တွေကို train ပေးဖို့အတွက် အသုံးချခံဖြစ်နေမယ်လို့သတိပေးထားပါတယ်။

         Wired မှာ တင်ခဲ့တဲ့ သူမရဲ့ ဆောင်းပါးမှာတော့ " အရွယ်အပြောင်းအလဲမှာ ရုပ်တွေ ဘယ်လိုဖြစ်လာတယ်ဆိုတဲ့ လက္ခဏာတွေပေါ် မျက်နှာပြင်ဖတ် algorithm တစ်ခုကို လေ့ကျင့် train ပေးတယ်လို့စိတ်ကူးကြည့်ပါ။အဲသလို algorithm တစ်ခုကို train ဖို့လူတွေရဲ့ ဓါတ်ပုံတွေ အများကြီး လိုမှာဖြစ်ပါတယ်။ ဒီတော့ အချိန်ကာလ ၁၀ နှစ်စသည်ဖြင့် အတိအကျ သတ်မှတ်ပြီး ရယူမယ်ဆိုရင် ဒီ algorithm ကို လေ့ကျင့်ပေးဖို့အထောက်အကူဖြစ်မှာပါ" လို့ပြောထားပါတယ်။

         Facebook ပေါ်က profile pictures တွေကနေ အချက်အလက်ထုတ်ပြီး တင်တဲ့ ရက်စွဲအလိုက်ပြန်ပြီး ကြည့်လို့ရတယ်ဆိုပေမယ့် လူတွေဟာ ဓါတ်ပုံတွေကို ကာလစဉ်အလိုက် အတိအကျ တင်တာမျိုး မဟုတ်လို့ဒီအချက်ကလည်း ယုံကြည်လို့မရဘူးလို့ကိတ်က ပြောပါတယ်။ နောက်တစ်ချက်ကလည်း တစ်ချို့သူတွေဟာ profile ပုံကို ကိုယ့်ဓါတ်ပုံမဟုတ်ဘဲနဲ့တစ်ခြားမဆိုင်တဲ့ ပုံတွေ တင်ထားတတ်တာ ဖြစ်လို့ယခင်-ယခု (before & after) နာမည်တပ်ထားတဲ့ ပုံတွေ တင်ခိုင်းပြီးပဲ ကြည့်လို့ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

         ကိတ်ရဲ့ အဆိုကို Facebook ဘက်မှ ငြင်းဆန်ထားပြီး သူတို့အနေနဲ့ဒီလို challenge ကို စတင်ခဲ့တာ မဟုတ်ဘူးလို့ပြောပါတယ်။ Facebook အနေနဲ့လည်း ဒီ meme တွေကနေ ဘာအချက်အလက်မှ မရဘူးလို့အကြောင်းကြားထားပြီး သုံးစွဲသူတွေကိုလည်း မျက်နှာပြင်ဖတ်စနစ်ကို အချိန်မရွေးပိတ်နိုင် / ဖွင့်နိုင်ခွင့် ပေးထားတယ်လို့ဆိုပါတယ်။

Photo: wired

         Facebook အနေနဲ့ဘယ်လိုပဲပြောပြော လက်ရှိမှာ အချက်အလက် ပေါက်ကြားမှုတွေနဲ့တိုင်ပတ်နေတာပါ။ အကောင်းဆုံးကတော့ ကိုယ့်ရဲ့ အချက်အလက်တွေကို လူမှုကွန်ရက်မှာ လွယ်လွယ်ကလေး ထုတ်မပြတာက ပိုပြီး ဘေးကင်းမယ်လို့ဆိုနိုင်ပါတယ်။

           

Share

Loading Next Article...
က္က