ဒီလို လုပ်ပါ

     ဒီနေ့ခေတ်မှာ အွန်လိုင်းဟာ လူတစ်ယောက်ရဲ့ နောက်ထပ်ဘဝပတ်ဝန်းကျင်တစ်ခု ဖြစ်လာပါပြီ။ အွန်လိုင်းပေါ်မှာပဲ ဂုဏ်သိက္ခာ ဆောက်တည်ကြ ၊ လူမှုကွန်ရက်မှာပဲ ကိုယ့်ပုံရိပ်ကို မြှင့်တင်ကြတဲ့ ခေတ်မှာ အွန်လိုင်းအနိုင်ကျင့်မှုလို့ခေါ်တဲ့ cyberbully မှုတွေဟာ တကယ့်အန္တရာယ်ပါပဲ။

Photo: Facebook

         အွန်လိုင်းပေါ်က နှောင့်ယှက်မှုလို့ဆိုရာမှာ social network ပေါ်မှာ အရှက်ခွဲအနိုင်ကျင့်တာ ၊ နောက်ပြောင်စော်ကားတာ ၊ ကိုယ့်အားနည်းချက်ကို public မှာ ချပြတာဆိုပြီး နည်းပေါင်းစုံရှိကြပါတယ်။ အွန်လိုင်းနှောင့်ယှက်မှုထဲမှာ တစ်ခြားသူရဲ့ ကိုယ်ရေး အချက်အလက်တွေ ဖော်ထုတ်တာ ၊ ဓါတ်ပုံတွေ ဖြန့်တာအပြင် profile အတုလုပ်တာလိုမျိုး အယောင်ဆောင်တာတွေလည်း ပါဝင်ပါတယ်။

         Facebook ရဲ့ online harassment စံသတ်မှတ်ချက်အရ လူတစ်ယောက်ကို group က ထုတ်တာကအစ အွန်လိုင်းတိုက်ခိုက်မှုထဲမှာ ပါနေပါတယ်။ ဒီလို မျိုး လူမှုကွန်ရက်ပေါ်မှာ တိုက်ခိုက်မှုမခံရစေဖို့လိုက်နာသင့်တဲ့ အချက်အလက်တွေကို Facebook က ထုတ်ပြန်ထားပါတယ်။

(၁) သူငယ်ချင်းကောင်းတွေကို Friend ထားပါ

         ကိုယ်ယုံကြည်စိတ်ချရတဲ့ သူတွေကိုပဲ Friend Request လက်ခံဖို့နဲ့အဲလို လူတွေကိုပဲ ကိုယ့်အကောင့်ထဲမှာ friend အဖြစ် ထားဖို့အရေးကြီးပါတယ်။ နောက်တစ်ခုက ကိုယ်မျှဝေထားတဲ့ အကြောင်းအရာတွေကို ဘယ်သူတွေ ဝင်ကြည့်နေသလဲဆိုတာကို သိဖို့အတွက် ကိုယ့်ရဲ့ Friend List ကို ပုံမှန် စစ်ဆေးဖို့လိုပါတယ်။

(၂) password ကို လုံခြုံစေပါ

         အရေးကြီးတာက ကိုယ့်ရဲ့ စကားဝှက်ကို ဘယ်သူ့မှ မပြေထားဖို့ပါ။ အယုံကြည်ရဆုံးဆိုတဲ့ သူငယ်ချင်း နဲ့ချစ်သူရည်းစားတွေကိုလည်း မပြောသင့်ပါဘူး။

(၃) အကုန်လုံး share နေမိသလား

         ကိုယ့်ရဲ့ Privacy Settings ကို မကြာမကြာ စစ်ဆေးဖို့လိုပါတယ်။ ဘာလို့လဲဆိုရင် ကိုယ့်ရဲ့ Friend List ထဲမှာ လူတွေ များလာလေလေ ကိုယ်မျှဝေထားတဲ့ public နဲ့private အချက်အလက်တွေက သင့်တော်ပါ့မလားဆိုတာကြောင့်ပါ။ ဒီတော့ တစ်ခုခုကို share မယ်ဆိုရင် သတိထားသင့်တယ်လို့အကြံပြုချင်ပါတယ်။

         ဒီအတွက် ကောင်းတာက အွန်လိုင်းပေါ် sharing မလုပ်ခင် အချိန်ယူစဉ်းစားဖို့ပါ။

Photo: Dawn

(၄) လျှို့ဝှက်ထားပါ

         တစ်ချို့အရာတွေက လူသိမခံသင့်တဲ့ အကြောင်းအရာတွေပါ။ ဥပမာ- ကိုယ့်နေရပ်လိပ်စာ ၊ ကိုယ်ရောက်နေတဲ့ နေရာ စတဲ့ ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေလိုမျိုး အကြောင်းအရာတွေကို အွန်လိုင်းပေါ် မတင်သင့်ပါဘူး။

(၅)ဖွင့်ပြောပါ

         အွန်လိုင်းကြောင့် စိတ်ညစ်စရာ ၊ စိတ်ပင်ပန်းစရာ ရှိလာရင် ကိုယ် ယုံကြည်ရတဲ့ ရင်းနှီးသူတစ်ဦးဦးကို ပြောပြပါ။ သူတို့ဆီက အကူအညီရယူနိုင်သလို Facebook ရဲ့ Bullying Prevention Hub ထဲက လမ်းညွှန်ချက်တွေကလည်း ကိုယ့်အတွက် အထောက်အကူ ဖြစ်စေမှာပါ။

(၆) လူမှုကွန်ရက်နေ ခဏခွာထားပါ

         တကယ်လို့Facebook သုံးရင်း စိတ်ညစ်စရာတွေ များလာပြီဆိုရင် လူမှုကွန်ရက်ကနေ အချိန်အတိုင်းအတာ တစ်ခုအထိ နားထားသင့်ပါတယ်။

(၇) အွန်လိုင်းကျင့်ဝတ်နဲ့နေပါ

         စေတနာနဲ့တူတဲ့ အကျိုးဆိုတဲ့ နိယာမကို အွန်လိုင်းမှာလည်း သုံးနိုင်ပါတယ်။ သူတစ်ပါးကို ချီးမွမ်းတာ ၊ ကောင်းကောင်းမွန်မွန် ဆက်ဆံတာဟာ တူညီတဲ့ တုန့်ပြန်မှုရလာစေမှာပါ။ တကယ်လို့ကိုယ့်ဘက်က ပို့စ်အမှားတစ်ခုခု တင်မိတာတို့၊ လက်လွတ်စပယ် comment ပေးမိတာတို့ရှိလာရင်လည်း ပြန်ဖြုတ်ချပြီး တောင်းပန်လိုက်တာက Facebook မှာ အနှောင့်အယှက်ခံရခြင်းကနေ ကာကွယ်နိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

Share

Loading Next Article...
က္က