တက္ကစီယာဉ်မောင်းကို လူငယ်နှစ်ဦးက ဓားထောက်ခြိမ်းခြောက်ပြီး ငွေလုယက်ခဲ့တာပါ။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံခဲ့တဲ့ ၁၃၃ လမ်းမှာ တက္ကစီယာဉ်မောင်းတစ်ဦးကို လူငယ် ၂ ဦးက ဓားထောက်လုယက်ခဲ့တဲဖြစ်စဉ်မှာ  ၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

 

 

ဖြစ်စဉ်ကတော့ စက်တင်ဘာ ၂၆ ရက်က ကမ္ဘာအေးဘုရားလမ်းအတိုင်းမောင်းနှင်လာတဲ့ တက္ကစီယာဉ်မောင်းတစ်ဦးကို အင်းလျားကန်ဘောင်အရောက်မှာ အသက် ၂၀ ကျော် လူငယ်နှစ်ဦးကနေ ပုဇွန်တောင်ကို ၂၅၀၀ ကျပ်နဲ့ ဌားရမ်းလိုက်ပို့ပေးခဲ့ကြောင်း သိရပါတယ်။

ပုဇွန်တောင်ဈေးအရောက်မှာ အဲဒီလူငယ် ၂ ဦးကနေ သူငယ်ချင်းမရှိတော့ဘူးပြောဆိုပြီး မင်္ဂလာဈေးကို ထပ်မံပို့ခိုင်းရာ တာမွေမြို့နယ် ၁၃၃ လမ်းအရောက်မှာ ကားပေါ်ပါလာတဲ့ လူငယ် ၂ ဦးထဲက ၁ ဦးကနေ ၅ လက်မခန့်ရှိတဲ့ စတီးဓားနဲ့ တက္ကစီယာဉ်မောင်းကို ဓားထောက်လုယက်ခဲ့ကြောင်း CCTV မှတ်တမ်းတွေအရသိရပါတယ်။

 

လူမှုကွန်ရက်တွင် ပျံ့နှံခဲ့သည့် CCTV ဖိုင်။

 

အဲဒီနောက် ယာဉ်မောင်းထံကနေ ငွေကျပ် ၈ သောင်းနဲ့ ဟွာဝေးဖုန်း ၁ လုံးတို့ကို ရယူသွားပြီး လုယက်ခဲ့တဲ့ လူငယ် ၂ ဦးကို တာမွေမြို့မရဲစခန်း(ပ) ၉၃၅/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ တစ်ဦးကို ဖမ်းဆီးရမိထားပြီး ရန်ကင်းမြို့နယ် (၆) ရပ်ကွက်၊ရန်ငြိမ်းလမ်းသွယ် (၂) မှာနေတဲ့ ကျော်ဇင်ထွန်းဆိုသူ ဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်မှာ သူရဲ့နေအိမ်မှာ ဖမ်းဆီးမိခဲ့ပြီး ကျန်တစ်ဦး အေးချမ်းပိုင်ကို ဖမ်းမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အဆိုပါ ဓားထောက်လုယက်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို Micle Core အကောင့်ပိုင်ရှင်က တင်ထားခဲ့ရာ ကြည့်ရှုူသူအများစုက ရန်ကုန်မြို့ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ပြောဆို ဝေဖန်မှုတွေလည်းရှိနေပါတယ်။

Share

Loading Next Article...
က္က