Newsworthy အဖြစ် လက်ခံမှာပါ

နိုင်ငံရေးသမားတွေအနေနဲ့Facebook ရဲ့ Community Standards ကို လိုက်နာစရာ မလိုဘဲ စိတ်ကြိုက် ပို့စ်တွေ တင်နိုင်တော့မှာပါ။


Facebook မှာ ad ဝယ်ပြီး တင်တာနဲ့ရုန်းရင်းဆန်ခတ် အကြမ်းဖက်မှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကိုတော့ Facebook ပလက်ဖောင်းကနေ ဖယ်ရှားသွားမယ်လို့The Verge သတင်းက ဖော်ပြထားပါတယ်။ အခုချိန်ကစပြီး Facebook ဟာ နိုင်ငံရေးသမားတွေရဲ့ ပြောဆိုချက်တွေကို သတင်းအဖြစ် ကြည့်သွားမှာဖြစ်ပြီး ပလက်ဖောင်းရဲ့ Community Standards ကနေ ကင်းလွတ်ခွင့်ပေးသွားမှာပါ။

Photo: foxbusiness

၂၀၁၆ ခုနှစ်ကတည်းက Facebook ဟာ သတင်းထိုက်တဲ့ အကြောင်းအရာတွေကို ကုမ္ပဏီရဲ့ လူမှုကွန်ရက်စံကန့်သတ်မှုကနေ ခွင့်ပြုချက်ပေးထားတာ ဖြစ်ပြီး အခုချိန်မှာတော့ နိုင်ငံရေးသမားတွေ ရေးတဲ့ ပို့စ်တွေပါ သတင်းအဖြစ် ခွင့်ပြုသွားမှာ ဖြစ်တယ်လို ု့Facebook ကုမ္ပဏီရဲ့ ကမ္ဘာ့ရေးရာနဲ့ဆက်သွယ်ရေးပိုင်း ဒုဥက္ကဌ နစ်ကလက်က ပြောကြားခဲ့ပါတယ်။

" ပြင်ပက အနှောင့်အယှက်တွေကနေ ကျွန်တော်တို့ပလက်ဖောင်းကို ကာကွယ်ဖို့ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဒါကြောင့်ပဲ နိုင်ငံရေး ကြော်ငြာတွေ အတွက် ငွေပေးတာတွေကို ပွင့်လင်းမြင်သာမှု ရှိနိုင်သမျှ ရှိအောင် လုပ်ထားပါတယ်။ "လို့နစ်ကလက်က ဆိုပါတယ်။ "ဒါပေမယ့်လည်း နိုင်ငံရေးသမားတွေ ပြောတာမျိုးကိုတော့ ဝင်စွက်ဖက်တာ ကျွန်တော်တို့အလုပ်မဟုတ်ပါဘူး"

Photo: straitstimes

လာမယ့် ၂၀၂၀ မှာ အမေရိကန်သမ္မတရွေးကောက်ပွဲ လာတော့မှာပါ။ Facebook ရဲ့ ဒီကြေညာချက်ဟာ ၂၀၂၀ အမေရိကန်သမ္မတရွေကောက်ပွဲအကြို ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်နဲ့ရပ်တည်မှုကို ဖော်ပြလိုက်တာလည်း ဖြစ်ဖို့ရှိပါတယ်။ Facebook လိုပဲ YouTube ကလည်း နိုင်ငံရေးသမားတွေရဲ့ ဗွီဒီယိုတွေကို ပိတ်ပင်တော့မှာ မဟုတ်ဘူးလို့ထုတ်ပြန်ပါတယ်။

Share

Loading Next Article...
က္က