လူဖြူကစားသမားတွေကို ပိုမိုပါဝင်စေချင်ကြတာပါ။

ဂျာမနီ လက်ရွေးစင်အသင်းမှာ လူဖြူကစားသမား ပိုမိုပါဝင်စေချင်တယ်ဆိုတဲ့ စစ်တမ်းတစ်ခုကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် ဂျာမနီလက်ရွေးစင်အသင်းမှာ ရိုက်ခတ်မှုတွေရှိနနေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ ဒီစစ်တမ်းရဲ့ (၂၁) ရာခိုင်နှုန်းက လက်ရွေးစင်အသင်းမှာ လူဖြူကစားသမား ပိုမို ပါဝင်စေချင်တယ်လို့ ဆိုခဲ့တာပါ။



ဒီစစ်တမ်းနဲ့ပတ်သက်လို့ ဂျာမနီလက်ရွေးစင်နည်းပြ နာဂယ်လ်စမန်းနဲ့ ကင်မစ်ချ်တို့ကလည်း ဝေဖန်ပြစ်တင်ပြောကြားထားပါတယ်။ လက်ရှိမှာ ဂျာမနီလက်ရွေးစင် အသင်းခေါင်းဆောင် ဂွန်ဒိုဂန်ကလည်း ဒါကို မအံ့သြကြောင်း ဖွင့်ဟလာတာပါ။

ဂျာမနီလက်ရွေးစင်အသင်းမှာ အစဉ်အဆက် လူမျိုးရေးခွဲခြားမှု ပြဿနာတွေ ကြုံတွေ့ခဲ့ရပါတယ်။ လက်ရွေးစင်ဟောင်း အိုဇေးလ်ကလည်း အသင်းနိုင်နေချိန်မှာ ဂျာမနီသားတစ်ယောက်ဖြစ်ပေမယ့် အသင်းရှုံးနေရင်တော့ လူမည်းတစ်ယောက်သာ ဖြစ်သွားကြောင်း ဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။

တူရကီနွယ်ဖွား ဂျာမနီလက်ရွေးစင် ဂွန်ဒိုဂန်ကလည်း “ဒီကိန်းဂဏန်းတွေက အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ ကျနော်တို့အားလုံးလည်း ဒါကို သိထားပါတယ်။ နောက်ဆယ်နှစ်လောက်အထိ ဒီအမြင်တွေက ရှိရင် ရှိနေဦးမှာပါ။ ဒါပေမယ့် ပိုကောင်းလာဖို့လည်း မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဂျာမနီလူမျိုး (၁,၃၀၄) ယောက်ကို ကောက်ခံခဲ့တဲ့ ဒီစစ်တမ်းမှာ (၂၁) ရာခိုင်နှုန်းအထိက ဂျာမနီလက်ရွေးစင်မှာ လူမည်းကစားသမားထက် လူဖြူကစားသမားတွေကိုသာ ပိုမိုမြင်တွေ့တယ်လို့ မဲပေးအဆိုပြုခဲ့ကြတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က