အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိထားပါတယ်။

ဒီကနေ့ အင်းစိန်မြို့နယ်က ထပ်တိုးလူနာ နံပါတ် (၁၆၂)က အတည်ပြုလူနာတွေတွေ့ရှိလို့ Lock Down လုပ်ထားတဲ့ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက် ခဝဲခြံ(၂)လမ်းက နေအိမ်ကို အမြဲဝင်ထွက်သွားလာနေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ 



အဆိုပါနေအိမ်မှာ အဆောင်ငှားနေထိုင်သူတွေထဲက လူနာနံပါတ်(၁၅၁)မှာ ရောဂါပိုးတွေ့ရှိပြီးနောက် ထိတွေ့ခဲ့သူတွေကို စောင့်ကြည့်လူနာအဖြစ်ထားရှိခဲ့ပြီး နေအိမ်ကိုလည်း Lock Down လုပ်ထားတာဖြစ်ပါတယ်။



“ အဲဒီအိမ်က အစကတည်းက Lock Down လုပ်ထားပြီးသားပါ။ ပထမဆုံး လူနာနံပါတ်(၁၅၁)မှာရောဂါပိုးတွေ့ရှိပြီး အဆောင်အတူနေ (၃)ဦးမှာလည်း ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။

လူနာနံပါတ် (၁၅၁)၊ (၁၅၂)၊ (၁၅၃)၊ (၁၅၄) တို့က အတူတူနေထိုင်ကြတာပါ။ ဒီနေ့တွေ့တဲ့ လူနာကလည်း အဲဒီအိမ်ကို ဝင်ထွက်သွားလာနေသူဖြစ်လို့ စောင့်ကြည့်ထားရာကနေဒီနေ့မှာ ရောဂါပိုးရှိကြောင်းသိရတာပါ” လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကိုပြောပါတယ်။ 

လူနာနံပါတ် (၁၅၁)၊ (၁၅၂)၊ (၁၅၃)၊ (၁၅၄)တို့နဲ့ ထိတွေ့ထားတဲ့သူတွေ (၁၅)ဦးလောက်ရှိပြီး ဒီနေ့မှာတော့ (၁)ဦးမှာရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

အတည်ပြုလူနာ (၁၆၂)ဦးမှာ ရန်ကုန်တိုင်းဒေသကြီးက (၁၂၈)ဦးထိပါဝင်နေပြီး အင်းစိန်မြို့နယ်က ပိုးတွေ့လူနာအများဆုံးမြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ 

ပိုးတွေ့လူနာအများဆုံးတွေ့ရှိထားတဲ့ အင်းစိန်မြို့နယ်အတွင်းမှာဆိုရင်လည်း ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်တစ်ခုအဖြစ် မေလ(၆)ရက်နေ့က လူဦးရေ (၅)သောင်းကျော်ကို ကျန်းမာရေးအဖွဲ့တွေက တစ်အိမ်တက် တစ်အိမ်ဆင်းနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကိုလည်း လုပ်ဆောင်ပေးခဲ့ပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က