ပြည်မြို့ ဆေးရုံကြီးမှာ ကျန်းမာရေးကုသမှုခံယူနေတဲ့ COVID-19 အတည်ပြုအမှတ် ၁၇ ပေါက်ခေါင်းမြို့နယ် ဒု-မြို့နယ်အုပ်ရေးမှူးဟာ ဒီကနေ့မနက်စော ၃ နာရီ ၄၀ မိနစ်မှာ ကိုဗစ် ၁၉ ရောဂါကြောင့်သေဆုံးသွားပြီလို့ ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ် ဦးကျော်ဇေယျက အတည်ပြုပြောပါတယ်။
အတည်ပြုအမှတ် ၁၇ သည် ကိုဗစ်19 ကြောင့် သွေးဆိပ်တက်ခြင်းနှင့် ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါကြောင့် အဆုတ်ပျက်စီးပြီး သေဆုံးခြင်းဖြစ်ကြောင်း၊ လူနာကို ချက်ချင်းသဂြိူလ်မှာဖြစ်တယ်လို့သိရပါတယ်။
" အဆုတ်ပျက်စီးသေတယ်။ ကလေးတွေက အခြေအနေကောင်းတယ်။ လူနာကိုချက်ချင်းသင်္ဂြိုလ်မယ်။လူနာက ခရစ်ယာန်ဆိုတော့ ဘာသာရေးဆိုင်ရာဓလေ့အရပဲသင်္ဂြိုလ်မယ်။သူ့ဆွေမျိုးတွေဘာတွေကိုတော့ ဓာတ်ပုံပဲပို့လို့ရမှာပေါ့"လို့ ဦးကျော်ဇေယျက ပြောပါတယ်။
ဓာတ်ပုံ - ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန
အတည်ပြုလူနာ အမှတ် ၁၇ ကိုပြည်မြို့ဆေးရုံကြီးရဲ့ အထူးကြပ်တ်မတ်ဆောင်မှာထားရှိကုသပေးခဲ့တာဖြစ်ပြီး ကျန် ရောဂါပိုးတွေ့ရှိထားတဲ့ ကလေး ၃ ဦးကိုတော့သီးသန့်ထားကုသပေးထားတာဖြစ်ပါတယ်။ လူနာ အမှတ် ၁၇ ကတော့ဧပြီလ ၇ရက်နေ့ ကတည်းက Oxygenပေးထားခဲ့ရတာပဲဖြစ်ပြီး လူနာက အသက် ၄၇ နှစ်အရွယ်ဖြစ်ပါတယ်။
"လူနာနံပါတ် ၁၇ ပေါက်ခေါင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူးသေဆုံးသည်မှာ မှန်ပါတယ်၊နံနက် ၃:၄၀ တွင် ပြည်ဆေးရုံတွင် ကွယ်လွန်ပါတယ်။
သေဆုံးရခြင်းအကြောင်းရင်းမှာ COVID-19 ကြောင့် သွေးဆိပ်တက်ခြင်းနှင့် ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါကြောင့် သေဆုံးရခြင်းဖြစ်ပါတယ်"လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒေါက်တာခင်ခင်ကြီးကလည်း သူရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပြည်သူတွေကို အသိပေး ပြောဆိုထားပါတယ်။
လက်ရှိ ပြည်ခရိုင်အတွင်းမှာ Facility Quarantine ၁၈၀ဖြင့် ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၃၂၄)ဦးကို စောင့်ကြည့်နေပြီး သံသယလူနာ(၂)ဦးရှိထားပါတယ်။ပဲခူးတိုင်းတစ်တိုင်းလုံးမှာတော့ Facility Quarantine ၉၀၆ ခုဖြင့် စောင့်ကြည့်နေတဲ့ ပြည်တော်ပြန် မြန်မာနိုင်ငံသား ၉၀၀၀ ကျော်ရှိပါတယ်။
ခုဆိုရင် မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၂၂ ဦီးရှိပြီး သေဆုံးသူ၂ ဦး ရှိပါပြီ။
(
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။)
Share