နေရာပေါင်း (၆၀)ကျော်ပြင်ဆင်ထားတယ်လို့သိရပါတယ်။

Quarantine နေရာတွေမှာ (၁၄)ရက်ပြည့်လို့ ပြန်သွားတဲ့သူတွေကြောင့် နေရာလွတ်တွေရှိသလို မြို့နယ်တိုင်းမှာလည်း Quarantine နေရာတွေသတ်မှတ်ထားတာကြောင့် နေရာအလုံအလောက်ရှိတယ်လို့ သိရပါတယ်။ 

Covid 19 အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တဲ့ သူတွေကို Home Quarantine ထားရာမှာ စိတ်ချလုံလောက်မှုမရှိတော့တာကြောင့် အစိုးရက သတ်မှတ်ထားတဲ့ Facility Quarantine နေရာတွေမှာထားဖို့ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာမှာ Live လွှင့်စဉ်ပြောကြားခဲ့ပါတယ်။ 



ဗိုင်းရပ်စ်ပိုးစစ်ဆေးတွေ့ရှိခဲ့တဲ့ လူနာနဲ့ထိတွေ့ခဲ့တဲ့သူတွေကို အစိုးရကသတ်မှတ်ထားတဲ့နေရာတွေမှာ Quarantine ထားဖို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နေရာအလုံအလောက်ရှိတယ်လို့ Quarantine နေရာတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်နေသူ သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က Duwun ကိုပြောပါတယ်။ 

“ Quarantine ကာလကို (၂၁)ရက်မတိုးမြှင့်ခင်မှာ (၁၄)ရက်ပြည့်လို့ ပြန်သွားတဲ့သူတွေလည်းအများအပြားရှိလို့ နေရာလွတ်တွေအများကြီးရှိပါတယ်။ ပြီးတော့ အခုကသက်ဆိုင်ရာမြို့နယ်တွေမှာလည်း Quarantine နေရာတွေသတ်မှတ်ထားတာတွေလည်းရှိတော့ ကနဦးကလောက်တော့ နေရာတွေအခက်အခဲမရှိနိုင်တော့ပါဘူး။ တစ်တိုင်းလုံးဆို Quarantine နေရာ (၆၀)ကျော်လောက်ပြင်ဆင်ထားတယ်ဆိုတော့ လုံလောက်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။  

လက်ရှိမြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူ (၄၁)ဦးရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စောင့်ကြည့်လူနာ (၁၁၅၆)ဦးမှာ ရန်ကုန်တိုင်းဒေသကြီးက (၄၉၂)ဦးပါဝင်ပါတယ်။ အဆိုပါစောင့်ကြည့်လူနာ (၄၉၂)ဦးကိုလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ Quarantine နေရာတွေမှာ စောင့်ကြည့်မှုတွေပြုလုပ်လျှက်ရှိတယ်လို့ သိရပါတယ်။ ကူးစက်ခံရတဲ့လူနာ (၄၁)ဦးမှာတော့ ပြည်ပမှကူးစက်လာသူ (၁၈)ဦးနဲ့ ပြည်တွင်းကူးစက်သူ (၂၃)ဦးဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က