လှိုင်သာယာက ချန်းရီဖိနပ်စက်ရုံမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းဖြစ်ပါတယ်။

Covid-19 ပိုးတွေ့ လူနာအမှတ် (၁၄၄) ဟာ လိူင်သာယာမြို့နယ်က အလုပ်သမားပေါင်း ၈၀၀၀ ကျော်ရှိတဲ့ ဖိနပ်စက်ရုံက ဝန်ထမ်းတစ်ဦးဖြစ်တာကြောင့် လိူင်သာယာမြို့နယ်ကို Lock Down ချသင့်တယ်လို့ လိူင်သာယာမြို့နယ် လူသုံးကုန်မြို့နယ်အလုပ်သမားအဖွဲ့အစည်း မြို့နယ်ဥက္ကဌ ဦးမျိုးဇော်က ပြောဆိုလိုက်ပါတယ်။


ဒီစက်ရုံက လိူင်သာယာ မြို့နယ်ရဲ့ အကြီးဆုံး စက်ရုံစာရင်းဝင်တဲ့ စက်ရုံတစ်ခုဖြစ်ပါတယ်။ လူနာ နံပါတ်၁၄၄ ဟာ ချန်းရီစက်ရုံက စကားပြန်ဝန်ထမ်းဖြစ်ပြိး အသက်က ၂၄ နှစ်အရွယ်ဖြစ်ပါတယ်။



" ချန်းရီ ဖိနပ်စက်ရုံပါ။ အလုပ်သမား ၈၀၀၀ လောက်ရှိတယ်။ တကယ်သေချာရင် လှိုင်သာယာမြို့နယ် တစ်ခုလုံးကို Lock Down ချလိုက်ရမယ့်အခြေနေဖြစ်သွားပြီ။ နေရာတိုင်းမှာ ချန်းရီအလုပ်သမားများတယ်။ အလုပ်သမားတော်တော်များများက အဆောင်မှာနေကြတယ်။ အဆောင်ဆိုတာ စက်ရုံပေါင်းစုံကစုနေတာဖြစ်တယ်။ အလုပ်သမားတစ်ယောက်ကူးလာပြီဆိုတော့ ခုဘယ်သူဆီမှာ ရှိမလဲ မသိနိုင်ဘူး။ ဒါကြောင့်စက်ရုံအလုပ်သမားတွေကို Quarantine ထားရမယ်။ မဟုတ်ရင် ဒီထက်ဆိုး တဲ့အခြေအနေဖြစ်လာနိုင်တယ်။ချန်းရီ စက်ရုံအပြင် အလုပ်သမားတွေနဲ့အတူနေတဲ့သူတွေ ကိုလည်း ထားသင့်တယ်။ အဆောင်ခန်းတွေကလည်း ၈ပေပတ်လည်အခန်းဆိုတော့ လူတွေထပ်အိပ်ရတဲ့သဘော။ အလုပ်သမားအများဆုံး စက်ရုံစာရင်းထဲ ချန်းရီပါတယ်။ ”ကိုမျိုးဇော်က ပြောပါတယ်။


လက်ရှိအချိန်မှာလှိုင်သာယာမှာစက်လက်ရှိအချိန်မှာလူနာ နံပါတ်၁၄၄ နဲ့ အဓိကထိတွေ့ခဲ့သူတွေကို ပြန်စိစစ်​နေကြောင်း ၊ အားလုံးကို Quarantine ကို အမြန်ဆုံး ပို့ဆောင်သွားဖို့စီစဉ်နေတယ်လို့ လှိုင်သာယာမြို့နယ် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် ၂ ဦးမြတ်မင်းသူက ပြောပါတယ်။

“ကျန်မာရေးဦးစီးဌာနနဲ့ မြို့နယ်တာဝန်ရှိသူတွေကို အဲ့ဒီကိုရောက်နေပါပြီ။အခု contact တွေကိုလိုက်နေပါပြီ။ သူနဲ့ထိတွေ့ခဲ့တဲ့သူတွေအားလုံးကို လိုက်နေပါပြီ။ စက်ရုံမှာ သူထိတွေ့ခဲ့တဲ့သူတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်နဲ့အညီသူတို့ဆောင်ရွက်နေပါတယ်။" လို့ ဆိုပါတယ်။


လက်ရှိ လိူင်သာယာမြို့နယ်မှာ စက်ရုံပေါင်း ၇၀၀ ကျော်ရှိပါတယ်။ ဒါကြောင့် ချန်းရီစက်ရုံ အလုပ်သမားတွေ အပြင် အလုပ်သမားတွေနဲ့အတူနေထိုင်သူတွေအားလုံးကိုပါ ကွာရန်းတင်ထားစောင့်ကြည့်ဖို့လိုအပ်နေပါတယ်။ အဆိုပါလူနာကို ဧပြီလ ၁၆ရက်နေ့မှာ မိုးညှင်းပုညရှင်စက္ခုပါလဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ်ထိန်းသိမ်းထားခဲ့ပါတယ်။လူနာကို မြစ်ကြီးနားမြို့ပြည်သူ့​ဆေးရုံကြီးမှာ ကုသသွားမှာဖြစ်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနကတော့ လူနာအမှတ် ၁၄၄ ဟာ ခရီးသွားရာဇဝင်ရှိတယ်လို့ထုတ်ပြန်ဖော်ပြထားတယ်။

မြန်မာနိင်ငံမှာ COVID 19 ရောဂါပိုး ကူးစက်ခံထားရသူ ၁၄၄ဦးအထိရှိလာနေပြီး ပိုးကူးစက်ခံရသူအများဆုံးက ရန်ကုန်တိုင်းကပဲဖြစ်ပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က