ဒီကနေ့မှာ ဆေးရုံဆင်းခွင့်ရခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်ရဲ့ ပထမဆုံး လူနာဖြစ်တဲ့ လူနာနံပါတ် ၁၄ ဟာ ဒီကနေ့ မေလ ၂ ရက်နေ့မှာတော့ ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပြီး လားရှိုးကနေ နေအိမ်ကျောက်မဲကို ပြန်လာနေပြီဖြစ်ကြောင်း လူနာနံပါတ် ၁၄ ရဲ့ ဖခင်ဖြစ်သူ ဦးဒစ်ဗဟာဒူးက Duwun ကို အတည်ပြုပြောကြားခဲ့ပါတယ်။

 ရှမ်းပြည်နယ် လားရှိုးခရိုင်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ လူနာနံပါတ် ၁၄ ဟာ ဆေးစစ်မှုအဖြေ ၅ ကြိမ်မှာ နောက်ဆုံး ၂ ကြိမ်က ရောဂါပိုး မတွေ့ရှိရတော့ဘဲ ပျောက်ကင်းသွားပြီဖြစ်တဲ့အတွက် ဒီကနေ့ မေလ ၂ရက်နေ့မှာ တော့ ဆေးရုံကနေ ဆင်းခွင့်ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။



လူနာနံပါတ် ၁၄ ဟာ ရှမ်းပြည်နယ်ရဲ့ ပထမဆုံးလူနာဖြစ်ပြီး ကျောက်မဲမြို့မှာနေထိုင်တဲ့ ဂေါ်ရခါးလူမျိုးလည်း ဖြစ်ပါတယ်။ 

"သူက သတင်းအရတော့ ဒီနေ့ပဲ ဆေးရုံကနေ ဆင်းပါပြီ။ သူ့ကို စုစုပေါင်း (၅) ကြိမ် စစ်ခဲ့ရာမှာ ၂ ကြိမ် Negative ပြသခဲ့တာပါ။ ဆိုတော့ ဒီနေ့ပဲ သူ ဆေးရုံကနေ ဆင်းပါပြီ။" လို့ ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်သိန်းက Duwun ကို ပြောပါတယ်။ 

ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပြီဆိုပေမယ့်လည်း ကျောက်မဲမြို့မှာတော့ Quarantine အနေနဲ့ ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

" ဟုတ်ကဲ့ပါ။ သူက ခု လားရှိုးကနေ ကျောက်မဲကို ကားနဲ့လာနေတယ်။ အခြေအနေကတော့ ကောင်းသွားပြီ။ Negative (၂) ကြိမ်ပြလို့ Home Quarantine လာထိုင်ဖို့ သူတို့က ညွှန်ကြားလိုက်တယ်။" လို့ လူနာရဲ့ဖခင်ဖြစ်သူ ဦးဒစ်ဗဟာဒူးက Duwun ကိုပြောပါတယ်။ 

လူနာနံပါတ် ၁၄ ဟာ မတ်လ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ပြန်လာခဲ့ပြီး မတ်လ ၂၈ ရက်နေ့မှာ နေအိမ် ကျောက်မဲမြို့ကို ပြန်လည်ရောက်ရှိလာခဲ့သူပါ။ မတ်လ ၃၀ ရက်နေ့ညပိုင်းမှာတော့ ရောဂါပိုးတွေ့ရှိ အတည်ပြုလူနာအဖြစ် ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ လားရှိုးခရိုင်ဆေးရုံကြီးမှာ တစ်လတာဆေးကုသမှုခံယူခဲ့ပြီးတဲ့နောက် ယခုအခါမှာတော့ ရောဂါပိုးပျောက်ကင်းသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိ မေလ ၂ရက်နေ့အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်း ရောဂါပိုးတွေ့ရှိလူနာ ၁၅၁ ဦးရှိနေပြီး သေဆုံးလူနာ ၆ဦး၊ ပြန်လည်ကောင်းမွန်သူ ၃၁ ဦးနဲ့ ဆေးရုံက ဆင်းခွင့်ရခဲ့သူ ၂၇ ဦးရှိနေပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က