"သူ့ခရီးစဥ်ကို အကြမ်းဖျင်းဖတ်ကြည့်လိုက်တဲ့အခါကျတော့ လမ်းမှာတင်ပဲ တည်းခိုခန်းအိပ်တာတွေ ၊ ရွှေမန္တလာ ကားကိုလည်း စီးလာတာတွေ ၊ ထမင်းဝင်စားတာတွေ ပါလာတယ်။ အဲဒါတွေကိုတော့ တော်တော် ခြေရာပြန်ခံရမှာပဲ၊ ဘာလို့လဲဆို သူက ဒီနေ့မှ result က ထွက်တာဆိုတော့ သူနဲ့ ထိတွေ့ခဲ့တဲ့ အနီးအနားကိုတော့ လိုက်ပြီးသွားပြီ။" လို့ လှည်းကူးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥ◌ီးသိန်းတန်က Duwun ကို ပြောပါတယ်။
ဒီကနေ့ မနက် ၂ နာရီက အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တဲ့ လူနာ ၇ ဥ◌ီးအနက် လူနာ နံပါတ် ၃၂ ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ မတ် ၂၃ ရက်နေ့မှာ ပြန်လာတာဖြစ်ပြီး မတ်လ ၂၄ ရက်နေ့မှာတော့ မြန်မာ-တရုတ် နယ်စပ် နန့်စန်မှာ တစ်ညအိပ်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၅ ရက်နေ့မှာတော့ လားရှိုးမြို့ ချမ်းသာတည်းခိုခန်းမှာ တစ်ညအိပ်ခဲ့ပြီး ၂၆ ရက်နေ့ ညနေ ၃ နာရီမှာတော့ လားရှိုးကနေ ရန်ကုန်ကို ရွှေမန္တလာကား နဲ့ ထွက်ခွာလာခဲ့ပါတယ်။ ၂၇ ရက်နေ့ မနက် ၃ နာရီအချိန်မှာ နေထိုင်ရာ ဝါးပငဲ့ ကျေးရွာကို ရောက်ရှိခဲ့ပြီး မတ်လ ၂၈ ရက်နေ့မှာတော့ ရောဂါလက္ခဏာတွေ ပြသလာတဲ့အတွက် လှည်းကူးဂရုဏာရှင် အသင်းက အဖွဲ့ဝင်နှစ်ဥ◌ီးက လူနာတင်ယာဥ◌် နဲ့ လှည်းကူး ဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်၊
လက်ရှိမှာတော့ လူနာရဲ့ မိသားစုဝင် သုံးဦး နဲ့အတူ လူနာကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သူ ဆာဘူးထောင်းရွာ အုပ်ချုပ်ရေးမှူးအပါအဝင် လူနာကို ဆေးကုသပေးခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုပါ လှည်းကူးဆေးရုံမှာ quarantine စောင့်ကြည့်ကြပ်မတ်နေတယ်လို့ သိရပါတယ်။
"အစကတည်းက ဖျားလာပြီး ကိုယ့်ရွာရောက်တော့ လှည်းကူးက Ambulance နဲ့ လှည်းကူးဆေးရုံကို ပို့တယ်။ လှည်းကူးဆေးရုံမှာ အထူးသီးသန့်ဆောင်လေးမှာ သူရယ်၊ သူအပါအဝင် သူ့မိသားစု ၃ ယောက် ကို ခေါ်လာခဲ့တယ်။ သူကိုတော့ အထူးကြပ်မတ်ပြီး သလိပ်ယူ ဓာတ်ခွဲခန်းကို ပို့လိုက်တော့ ညက အဖြေထွက်တာပေါ့။ အဖြေထွက်လာတော့ သူ့ကို ဝေဘာဂီကို ပို့လိုက်ပြီ။မိသားစုကတော့ လှည်းကူးဆေးရုံမှာပဲ ရှိနေသေးတယ်။ နောက် သူ့ကို Ambulance နဲ့ ခေါ်တဲ့ ၂ယောက်ရယ် ၊ ဆာဘူးထောင်းကျေးရွာအုပ်စုအပိုင် အုပ်ချုပ်ရေးမှူး နဲ့ ကျန်းမာရေးဆရာမတွေရယ် စုစုပေါင်း ၆ ယောက်ကိုတော့ quarantine လုပ်ဖို့ စီစဥ်ထားပါတယ်။ မိသားစု နဲ့ စောင့်ကြည့်နေတဲ့သူတွေကတော့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ကျန်းမာရေးကောင်းမွန်နေပါတယ်။"လို့ လှည်းကူးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဥ◌ီးသိန်းတန်က Duwun ကို ပြောပါတယ်။
လှည်းကူးမြို့နယ်နေ အသက် (၃၈)နှစ်အရွယ် အမျိုးသားလူနာ နံပါတ် (၃၂) ဟာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံက အပြန် လမ်းတစ်လျှောက် မတ်လ (၂၃) ရက်နေ့က စတင်ပြီး ရောဂါလက္ခဏာတွေ ပြသခဲ့တာဖြစ်ပြီး မတ်လ ၂၈ ရက်နေ့မှာတော့ လှည်းကူးပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့ မနက် ၂ နာရီမှာ ရောဂါပိုးတွေ့ရှိကြောင်း ဆေးစစ်ချက် ရရှိခဲ့ပြီး မနက် ၁၀ နာရီမှာတော့ လူနာကိုဝေဘာဂီဆေးရုံကို ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။
ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့ထိ မြန်မာနိုင်ငံတွင်း အတည်ပြုလူနာ ၃၈ ဥ◌ီးရှိနေပြီး ရန်ကုန်တိုင်းအတွင်း အတည်ပြုလူနာ စုစုပေါင်း ၂၆ ဥ◌ီးရှိနေပြီဖြစ်ပါတယ်။