ကမာရွတ် မြို့နယ်ထဲမှာ သံသယလူနာ‌တွေ့ပြီး‌နောက်မလိုအပ်ပဲ အိမ်ထဲကမထွက်ဖို့ ညွှန်ကြားလိုက်ပါပြီ။

ကော်ဖီဆိုင်က အမျိုးသား ၂ဦးကိုတော့ Facility Quarantine ထားရှိသွားပြီး ကော်ဖီဆိုင်ရှိတဲ့တိုက်နဲ့ အနီးစပ်ဆုံး ဘေးနှစ်ဖက် တိုက်တွေကိုလည်း သံသယလူနာရဲ့ ဓာတ်ခွဲစစ်ဆေးမှု အဖြေမထွက်သေးတဲ့ကာလမှာ အိမ်မှာပဲ နေဖို့ ညွှန်ကြားထားတယ်လို့သိရပါတယ်။

လူနာနံပါတ် ၅၉ လာရောက်ခဲ့တဲ့ ကမာရွတ်မြို့နယ်၊ဗဟိုလမ်းမပေါ်က Baan Cafe ကော်ဖီဆိုင်ကို အသွားအလာ ကန့်သတ်လိုက်ပါပြီ။



အဆိုပါ ကော်ဖီဆိုင်က အမျိုးသား ၂ဦးကိုလည်း Facility Quarantine ထားရှိဖို့ ခေါ်ဆောင်သွားပြီလို့ ကမာရွတ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwunကိုပြောပါတယ်။

“အတည်ပြုလူနာ နံပါတ် ၅၉က ဒီဆိုင်ကို လာခဲ့တာကြောင့် ဒီဆိုင်က အမျိုးသား နှစ်ယောက်ကို Quarantine ထားဖို့ လုပ် လိုက်ပါပြီ။ပတ်ဝန်းကျင်းကတိုက်တွေကိုလည်း သံသယလူနာရဲ့ ဓာတ်ခွဲအဖြေမထွက်လာသေးတဲ့ ကာလမှာ အိမ်ပြင်မထွက်ဖို့ပြောထားပါတယ်။”လို့ ဦးသိန်းဇော်ဦးက ပြောပါတယ်။

ကမာရွတ်မြို့နယ်မှာ လူနာနံပါတ် ၅၉ သွားရောက်ခဲ့တဲ့ နေရာတွေက ဗဟိုလမ်းမပေါ်က Baan Cafe နေရာ အပြင် ရွှေကိန္နရီအိမ်ယာနဲ့ ဆင်ရေတွင်း ၁လမ်းက အိမ်အမှတ် ၁၄ တို့လည်း ရှိနေပြီး အဆိုပါ နေရာ ၃နေရာစလုံးကို အသွားအလာ ကန့်သတ်လိုက်ပါပြီ။ လူနာ နံပါတ် ၅၉ကတော့ အင်းစိန်မြို့နယ်က အသက် ၂၃နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး လူနာနံပါတ် ၃၄၊၃၅၊၃၆၊၃၇နဲ့၄၁တို့နဲ့ ထိတွေ့မှုရှိခဲ့တာကြောင့် ဝေဘာဂီဆေးရုံကြီးမှာ ကုသမှုပေးခဲ့ပြီး ဓာတ်ခွဲစစ်ဆေးမှုအရ ရောဂါပိုးရှိကြောင်း သိရတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က