ပြန်ဖြေရှင်းခဲ့ပါတယ်။

ကွယ်လွန်သူ လူနာနံပါတ်(၈၆) ဟာ ကေကေမိုးရဲ့ ဖခင်ဆိုပြီး သတင်းတွေပြန့်နေခဲ့တာပါ။

 

Photo : ကေကေမိုး



ကွယ်လွန်သူ လူနာနံပါတ်(၈၆) ဟာ အဆိုတော် ကေကေမိုးရဲ့ ဖခင်ဆိုပြီး သတင်းအမှားတွေ ပြန့်နေခဲ့တာပါ။ လက်ရှိမှာလည်း သူမတို့နေတဲ့ အဲဒီသတင်းအများတွေနဲ့ ပတ်သက်ပြီး သူမယခုလို ပြောထားပါတယ်။

“ညီမတို့ တိုက်ကလည်း lock Down ၊ပိုးတွေ့တာကလည်း ညီမတို့ တိုက်ကပဲ ဆိုတော့ lock down လုပ်ထားတာပေါ့။အဲဒါညီမအကောင့်မှာ ရေးထားတာကို သူတို့က နားလည်မှုလွဲပြီး လူနာနံပါတ်(၈၆)က ညီမအဖေဆိုပြီး မီဒီယာတစ်ခုက မှားယွင်းပြီး တင်ခဲ့တယ်။ အဲ့အတွက်လည်း သူတို့က ပြန်တောင်းပန်ပေးတယ်၊အဲဒီအတွက်လည်း အဆင်ပြေပါတယ်။ အခုလက်ရှိ ကေကေရော ကေကေ့မိသားစုရော ကေကေ့အဖေကော ကျန်းကျန်းမာမာရှိနေကြပါတယ် သတင်းအမှားကြားပြီး စိတ်ပူပေးကြသူအယောက် ဆီတိုင်းကျေးဇူးပါ” လို့ သူမက Duwun ကို ပြောပါတယ်။


ဒီနေ့ ဧပြီလ ၁၉ ရက် မနက်ပိုင်းအထိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ လက်ရှိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ ၁၀၇ ဦးအထိရှိလာပြီး ရန်ကုန်တိုင်းမှာတော့ ၈၈ ဦး ရှိလို့နေပါပြီ။

 


ဆက်စပ်အကြောင်းအရာများ

Share

က္က