လူနာနံပါတ် ၂၅ကတော့ လွန်ခဲ့တဲ့ ၁၄ရက်အတွင်းပြည်ပခရီးသွားရာဇဝင်မရှိပဲ ‌ရောဂါပိုးကူးစက်ခံထားရသူပါ။

ဘုရင့်နောင်စစ်ကြောရေးကို ပို့ဆောင်ထားပြီလို့လည်းသိရပါတယ်။

COVID -19 အတည်ပြုလူနာ နံပါတ် ၂၅ သွားရောက်ခဲ့တဲ့ သင်္ဃန်းကျွန်း မြို့နယ်က အောင်ရတနာ ဆေးရုံက ဆရာဝန်နဲ့သူနာပြု ၁၆ဦးကို အသွားအလာကန့်သတ်လိုက်ပြီလို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ရွှေလှဝင်းက Duwunကို ပြောပါတယ်။



“ အတည်ပြုလူနာ နံပါတ် ၂၅ သွားရောက်ပြသခဲ့တဲ့ အောင်ရတနာဆေးရုံးက ဆရာဝန်နဲ့သူနာပြု ၁၆ဦးကို ဘုရင့်နောင်စစ်ကြောရေးကို ပို့ဆောင်ပြီး Facility Quarantine ထားရှိလိုက်ပြီလို့ မနေ့ကပဲ ကျွန်တော် သတင်း ရရှိပါတယ်။”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောပါတယ်။

လူနာ နံပါတ် ၂၅ကတော့ ဗဟန်းမြို့နယ်မှာနေထိုင်တဲ့ အသက် ၅၅နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ပြည်ပ နိုင်ငံတွေကို လွန်ခဲ့တဲ့ ၁၄ရက်အတွင်း ခရီးသွားရာဇဝင်မရှိထားပေမယ့် ဧပြီလ ၂ရက်နေ့ကစတင်ကာ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းဝေဒနာများ စတင်ခံစားလာသူပါ။

အဲ့နောက် ဧပြီလ ၉ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီးကို သွားရောက်ပြသရာမှာတော့ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး သီးခြားထားရှိ ကုသပေးရာမှ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ရောဂါပိုးရှိကြောင်း သိရှိရတာပါ။

လက်ရှိမှာလည်း Covid 19 ဓာတ်ခွဲအတည်ပြုလူနာ နံပါတ် (၂၅)နေထိုင်ခဲ့တဲ့ ဗဟန်းမြို့နယ် သီရီမင်္ဂလာလမ်း (၄)ရပ်ကွက်ရှိနေအိမ်ကို ဒီနေ့(ဧပြီ ၁၁)ကစပြီး Lock Down လုပ်ထားတယ်လို့လည်း ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူးထံမှသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က