ဟိုတယ်တစ်ခုက နေထိုင်ခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။

တီးတိန်က COVID 19 လူနာ နံပါတ်(၁)က ကျန်းမာရေးကောင်းမွန်သွားပြီဖြစ်လို့ ဧပြီလ(၃၀)ရက်နေ့ကပဲ ဆေးရုံကဆင်းခွင့်ရသွားပြီဖြစ်ပါတယ်။ 

လူနာနံပါတ် (၁)က ဆေးရုံကဆင်းပြီးနောက် ဟိုတယ်တစ်ခုမှာ Quarantine (၁၄)ရက်ထပ်နေဖို့ စီစဉ်ထားတာဖြစ်ပြီး အဆိုပါဟိုတယ်က နေခွင့်မပြုခဲ့လို့ နေထိုင်ရေးအခက်အခဲရှိနေတယ်လို့ သိရပါတယ်။ 



“ သူက ဆေးရုံကဆင်းပြီး Hopital Quarantine (၁၄)ရက်ထပ်နေရအုံးမှာ။ မနေ့က ဆေးရုံကဆင်းတော့ Quarantine နေဖို့ ဟိုတယ်တစ်ခုကိုသွားတာ လက်မခံလို့ နေရာအခက်အခဲဖြစ်ပြီး အခုအဆင်ပြေတဲ့နေအိမ်တစ်အိမ်မှာ နေနေရပါတယ်။ နေထိုင်ရေးကတော့ အသားမကျတော့ အဆင်ပြေအောင်ဟိုတယ်တွေထပ်ရှာနေတယ်။ အဆင်ပြေမှ ဟိုတယ်ကိုပြန်ပြောင်းနေရမှာပါ" လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပူပေါင်လွန်းမင့်ထန်က Duwun ကိုပြောပါတယ်။ 

လူနာနံပတ်(၁)ကို Duwun ကရောဂါခံစားခဲ့ရစဉ်က တွေ့ကြုံခဲ့ရတဲ့ အခက်အခဲများကို သိရှိခွင့်ရဖို့အတွက် ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ လက်ရှိအချိန်မှာ အခက်ခဲလေးတွေရှိနေသေးလို့ သူ့အနေနဲ့ မီဒီယာကိုဖြေကြားဖို့ အဆင်သင့်မဖြစ်သေးလို့ပါလို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ 

လက်ရှိမှာတော့ လူနာနံပါတ်(၁)က ဟိုတယ်မှာနေထိုင်လို့မရတာကြောင့် ဆွေမျိုးသားချင်းရဲ့ နေအိမ်တစ်အိမ်မှာပဲ အသွားအလာကန့်သတ်ပြီး ခတ္တနေထိုင်နေရတယ်လို့ သိရပါတယ်။

လူနာနံပတ်(၁)က တီးတိန်မြို့ရဲ့ ပထမဆုံးရောဂါတွေ့ရှိတဲ့ လူနာဖြစ်ပြီး ပထမဆုံးရောဂါပျောက်ကင်းသူလည်းဖြစ်ပါတယ်။ သူကနေတစ်ဆင့် သူ့မိခင်ကိုကူးစက်ခံထားရတာဖြစ်ပြီး မိခင်ဖြစ်သူကကျန်းမာရေးကောင်းမွန်နေပေမယ့်လည်း ဆေးစစ်ချက်တွေအရ ရောဂါပိုးတွေ့ရှိနေဆဲဖြစ်လို့ ဆေးကုသမှု ဆက်လက်ခံယူနေဆဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က