မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့တာပါ

မိုးညှင်းက လူနာ နံပါတ် (၁၄၄)အလုပ်လုပ်ခဲ့တဲ့ လှိုင်သာယာက ချန်းရိဖိနပ်စက်ရုံကို ယာယီပိတ်သိမ်းထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။



အဆိုစက်ရုံမှာ အလုပ်လုပ်ကိုင်လျှက်ရှိတဲ့ အလုပ်သမား (၉၀၀၀)ကျော်ကိုလည်းသက်ဆိုင်ရာနေရာတွေမှာ Quarantine ဝင်ရောက်ကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။ လူနာ နံပါတ် (၁၄၄)က စက်ရုံက တရုတ်ဘာသာပြန် ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး တရုတ်သူဌေးနဲ့ ဝန်ထမ်းတွေကြားမှာ ဘာသာပြန်အလုပ်ကိုလုပ်ပေးနေသူဖြစ်ပါတယ်။



သူက စက်ရုံမှာ မတ်လက အလုပ်စဝင်ခဲ့တာဖြစ်ပြီး ဧပြီလအစပိုင်းလောက်မှာ ကျန်းမာရေးမကောင်းဖြစ်လာတဲ့အတွက် အတွက် (၁၅)ရက်နေ့က ရန်ကုန်ကနေပြန်လာပြီး မိုးညှင်းကို (၁၆)ရောက်နေ့မှာ ရောက်ရှိလာသူဖြစ်ပါတယ်။ မိုးညှင်းရောက်ရောက်ချင်း Quarantine တန်းဝင်ခဲ့တာကြောင့် မိုးညှင်းက မိသားစုတွေနဲ့တော့ ထိတွေ့မှုမရှိထားဘဲ ရန်ကုန်မှာ ရှိနေစဉ်က ဝန်ထမ်းတွေနဲ့ေတာ့ ထိတွေ့မှုရှိထားသူဖြစ်ပါတယ်။

ဒါကြောင့် စက်ရုံက အလုပ်သမား(၉၀၀၀)ကျော်ကို သူတို့နေထိုင်ရာ နေရာတွေကို မပြန်စေဘဲ သက်ဆိုင်ရာနေရာတွေမှာ Quarantine ဝင်ကြဖို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ချက်မှာ တိုက်တွန်းပြောကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က