လာမယ့်ရာသီသစ်မှာ သူ ဒီစံချိန်ကို ထိန်းထားနိုင်မလား စောင့်ကြည့်ရမှာပါ။

လာမယ့်ရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားတွေကို မနေ့က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိချန်ပီယံလိဂ်မန်စီးတီးကတော့ အဝေးကွင်းမှာ ဝက်စ်ဟမ်းကို ရင်ဆိုင်ရမှာဖြစ်ပြီး ဒေးဗစ်မိုယက်စ်ရဲ့ အသင်းက ပြီးခဲ့တဲ့ရာသီမှာ ပုံစံကောင်းကို ပြသနိုင်ခဲ့လို့ အိမ်ကွင်းမှာ မန်စီးတီးကို အခက်တွေ့အောင်ကစားနိုင်မှာဖြစ်ပေမယ့် အနိုင်ရဖို့ကတော့ လွယ်ကူမှာမဟုတ်ပါဘူး။ 

မန်စီးတီးတိုက်စစ်မှူးသစ်ဟာလန်းအတွက်လည်း လိဂ်အသစ်ရဲ့ ပထမဆုံးပွဲကို အဝေးကွင်းပွဲနဲ့ စတင်ရမှာဖြစ်ကာ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမှာမို့ ဂိုးသွင်းနိုင်ချေမြင့်မားနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ ဟာလန်းရဲ့ လိဂ်အသစ်တခုရဲ့ အစောပိုင်းပွဲတွေကို ကြည့်မယ်ဆိုရင် ဩစတြီးယားလိဂ် နဲ့ ဘွန်ဒက်လီဂါတို့မှာ သူက ပထမဆုံး ၄ ပွဲကို အနည်းဆုံး ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းရှိပါတယ်။ 

၂၀၁၉-၂၀ မှာ မိုဒီကနေ ဆဲဘာ့ဂျ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဟာလန်းက အဖွင့်ပွဲ ၄ ပွဲမှာတင် ၆ ဂိုးအထိ ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ သူက ဒေါ့မွန်ကို ရောက်ရှိခဲ့ပြီး အဖွင့်ပွဲ ၄ ပွဲမှာ ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ပထမဆုံးပွဲဖြစ်တဲ့ အော့စ်ဘာ့ဂျ်နဲ့ပွဲမှာ ဟက်ထရစ်ရယူနိုင်ခဲ့တဲ့အထိ သူက ခြေစွမ်းပြခဲ့ပြီး ဗွေဆော်ဦးပွဲတွေမှာဆိုရင် ပိုပြီးတော့​ ခြေစွမ်းပြလေ့ရှိတာကို မြင်တွေ့ခဲ့ရပါတယ်။ 

ဒါကြောင့် မန်စီးတီးက လာမယ့်ရာသီသစ်မှာ ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ နယူးကာဆယ်၊ ပဲလေ့စ်တို့နဲ့ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး ဟာလန်းဘယ်လောက်ထိ ဂိုးသွင်းနိုင်မလဲဆိုတာကို စောင့်ကြည့်ရတော့မှာပါ။ ပြီးခဲ့တဲ့ လိဂ် ၂ ခုကစားသမားဘ၀ အစောပိုင်းပွဲတွေမှာ သူ ခြေစွမ်းပြခဲ့သလိုမျိုး လုပ်ပြနိုင်ဖို့ကို ဟာလန်းအားထုတ်ရတော့မှာပါ။ 

Share

က္က