အာဆင်နယ်ကတော့ ဆက်တိုက်ကို ခြေစွမ်းပြနေတာပါ။

လိဒ်ယူနိုက်တက် နဲ့ အာဆင်နယ်ပွဲကတော့ ဓါတ်အားပြတ်တောက်မှုဖြစ်ပွားခဲ့လို့ အချိန်အနည်းငယ်ကြာ ရပ်ဆိုင်းခဲ့ရပါတယ်။ ပရိသတ်တွေကတော့ ဒေါသထွက်ခဲ့ပြီး ပွဲကိုအမြန်ဆုံးပြန်လည်ကစားဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။ ဆက်တိုက်နိုင်ပွဲရနေတဲ့ အာဆင်နယ်က နည်းနည်းခြေပြန်ကျလာသလိုပါပဲ။ သူတို့မှာ အားသာတာက ပွဲအဖြေကို ပြောင်းလဲပေးနိုင်တယ်လို့ ပြောရမယ့် ကစားသမားတွေ ရှိလာတာပါ။ ဒါက တိုးတက်လာမှုနဲ့လည်း ဆိုင်ပါတယ်။ 

ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ဆာကာရဲ့ တလုံးတည်းသော ဂိုးနဲ့အနိုင်ရခဲ့သလို ဒီနေ့ပွဲမှာလည်း ဆာကာက ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။ လိဒ်ဘက်က ဘန်းဖို့ဒ်ရဲ့ ပင်နယ်တီကန်သွင်းချက်မဝင်တာကတော့ အာဆင်နယ်ကံကောင်းတယ်လို့ ဆိုရမှာပါ။ ဆာကာက ထောင့်ကျဉ်းအနေအထားကနေ မရရအောင် ဂိုးသွင်းသွားခဲ့တာဖြစ်ပြီး ဒီအတွက်ကတော့ ချီးကျူးဖို့ကောင်းပါတယ်။ 





ဒါပေမယ့် နိုင်ပွဲရဖို့အတွက် အာဆင်နယ်ရုန်းကန်ခဲ့ရတာပါပဲ။ လိဒ်က အိမ်ကွင်းမှာ သူတို့ကို ဖိအားပြန်ပေးနိုင်ခဲ့ပြီး သရေတမှတ်ရနိုင်လောက်တဲ့ ပုံစံကို ပြသခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာသာ အာဆင်နယ်ကို သူတို့အသာမရခဲ့တာပါ။ ကျန်တဲ့ ဂိုးကန်သွင်းချက်၊ ဂိုးပေါက်တည့်မှု၊ တိုက်စစ်ဆင်နိုင်မှုတွေမှာတော့ လိဒ်က အချက်အလက်အရသာခဲ့ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးဖြစ်တဲ့ သွင်းဂိုးရဖို့ကိုတော့ အာဆင်နယ်လုပ်နိုင်ခဲ့ပြီး လိဒ်ကတော့ မလုပ်နိုင်ခဲ့ပါဘူး။ 

ဒီနိုင်ပွဲကြောင့် ဒီတပတ်မှာလည်း အာဆင်နယ်တို့ ဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ဆဲဖြစ်ပါတယ်။ မန်စီးတီးက လီဗာပူးလ်နဲ့ ပွဲကျပ်ကစားရမယ့်အချိန်မှာ နိုင်ပွဲရအောင် ယူထားခဲ့ပြီးတော့ အာဆင်နယ်တို့ နောက်ဆုံး ၈ ပွဲမှာ ၇ ပွဲအထိ အနိုင်ရအောင် ကစားခဲ့ပြီး သူတို့ရဲ့ ခြေစွမ်းကောင်းမွန်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က