ရှရူးဘူရီက ယူနိုက်တက်ကို လှောင်ပြောင်သွားခဲ့တာပါ။

ယူနိုက်တက်ဟာ မနေ့ညက လီဗာပူးနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ မရှုမလှ ခြေစွမ်း၊ ရှက်စရာကောင်းတဲ့ရလဒ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ လီဗာပူးကို နည်းနည်းလေးတောင် ယှဥ်ကစားနိုင်စွမ်းမရှိခဲ့ဘဲ စောစောစီးစီး ဦးဆောင်ဂိုးပေးခဲ့ရပါတယ်။



ဒီဂိုးကို ဒီယက်ဇ်က သွင်းယူပေးခဲ့ပြီး အဲ့ဒီနောက်မှာ မာနေး၊ ဆာလာ (၂ ဂိုး) တို့က လီဗာပူးအတွက် အနိုင်ဂိုးအတွက် အသီးသီးသွင်းယူပေးခဲ့ကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်ဘက်က တိုက်စစ်မှူး ရော်နယ်ဒိုမပါဝင်နိုင်ခဲ့သလို အသင်းမှာရှိတဲ့ ကစားသမားတိုင်းကလည်း သာမန်အဆင့် ခြေစွမ်းတောင် မပြသနိုင်ခဲ့ပါဘူး။

လီဗာပူးဟာ ဒီနိုင်ပွဲကြောင့် ဒီကနေ့ည မန်စီးတီးပွဲမတိုင်ခင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ယာယီဦးဆောင်လိုက်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင် မသေချာတော့ပါဘူး။

ဒီပွဲနဲ့ ပတ်သက်လို့ ယူနိုက်တက် ပရိသတ်တယောက်က တွစ်တာပေါ်မှာ “ငါတို့တွေက အန်ဖီးလ်မှာ လီဗာပူးနဲ့ ရှရူးဘူရီကစားတာကို ကြည့်လိုက်ရသလိုပါပဲ” လို့ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်လိဂ်ဝမ်းအသင်းတသင်းဖြစ်တဲ့ ရှရူးဘူရီက ဒီအဆိုကို လက်မခံဘဲ သူတို့က ယူနိုက်တက်ထက် ပိုကောင်းတဲ့အကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ရှရူးဘူရီက သူတို့ရဲ့ တရားဝင်တွစ်တာကတဆင့် “ငါတို့က ဒီရာသီ အန်ဖီးလ်မှာ တဂိုးသွင်းနိုင်ခဲ့တယ်။ မင်းတို့မသွင်းနိုင်ဘူးလေ။ အဲ့ဒီမှာ အဆင့်ကွာသွားတယ်” လို့ ပြန်လည် ရေးသားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လီဗာပူးနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ နှစ်ကျော့ ထိပ်တိုက်တွေ့ပြီးနောက် တဂိုးမှမသွင်းနိုင်ဘဲ စုစုပေါင်း (၉) ဂိုးပေးရပြီး ရှုံးနိမ့်ခဲ့ရတာပါ။

ရှရူးဘူရီဟာ ဒီရာသီ အက်ဖ်အေဖလားပွဲစဥ်အဖြစ် လီဗာပူးအိမ်ကွင်းမှာ လာရောက်ရင်ဆိုင်ခဲ့ရတုန်းက ၄-၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်တိုင် တဂိုးပြန်သွင်းနိုင်ခဲ့တာကြောင့် ယူနိုက်တက်ကို အခုလိုမျိုး လှောင်ပြောင်နိုင်စွမ်းရှိခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က