ကိုဗာက ဘောလုံးပေးပို့ပုံကောင်းတယ်လို့ ချီးကျူးနေကြတာပါ။

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ လိုင်ယွန်တို့ရဲ့ ရာသီကြိုခြေစမ်းပွဲမှာ ယူနိုက်တက်ဘက်က ဂိုးသမား ကိုဗာက ပွဲအစအဆုံး ပါဝင်ကစားသွားခဲ့ပါတယ်။ ကိုဗာဟာ ယူနိုက်တက်အကယ်ဒမီထွက် ကစားသမားတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာလည်း စပါတာပရာဟာကို အငှားနဲ့ သွားရောက်ကစားခဲ့ပါတယ်။



လက်ရှိမှာ အသက် (၂၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုဗာဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်လုံးကို အငှားထွက်ကစားရင်း အချိန်ကုန်ဆုံးနေရတဲ့ ဂိုးသမားပါ။ လက်ရှိ ရာသီကြိုကာလမှာတော့ ယူနိုက်တက်မှာ သူ့အတွက် အခွင့်အရေးရရှိနေပြီး လိုင်ယွန်နဲ့ပွဲက သူ့ရဲ့ ကစားဟန်ကို ပရိသတ်တွေက ချီးကျူးရင်း အသင်းရဲ့ ဂိုးသမားဟောင်း ဒီဂီယာကိုပါ လှောင်ပြောင်ခဲ့ကြပါတယ်။

ဒီဂီယာဟာ ယူနိုက်တက်မှာ နှစ်ပေါင်းများစွာကြာအောင် အဓိကဂိုးသမားတစ်ယောက်အဖြစ် အသုံးတော်ခံခဲ့ပြီး လက်ရှိနွေရာသီမှာတော့ အသင်းနဲ့ စာချုပ်သက်တမ်း မတိုးဖြစ်ဘဲ လမ်းခွဲခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီဂီယာရဲ့နေရာကို အစားထိုးဖို့အတွက် အင်တာမီလန်ဂိုးသမား အိုနာနာကိုလည်း ခေါ်ယူထားပြီးဖြစ်ပါတယ်။

လိုင်ယွန်နဲ့ပွဲက ကိုဗာရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့တော့ ယူနိုက်တက်ပရိသတ်တွေက “ကိုဗာက ဒီဂီယာထက် အများကြီး သာတာပဲ” “ဒါက ရာသီကြိုကာလမှန်း သိသလို ဒီဂီယာကိုလည်း မမုန်းချင်ပါဘူး။ ဒါပေမယ့်လည်း ကိုဗာက ဒီဂီယာထက် ပိုကောင်းတဲ့ ကစားပုံကို ပြသခဲ့ပါတယ်” “ကိုဗာက အခု ရာသီကြိုကာလမှာတင် (၁၂) နှစ်အတွင်း ဒီဂီယာရဲ့ တိကျတဲ့ ပေးပို့မှုအကြိမ်အရေအတွက်ကို ကျော်နေပါပြီ”

“ကိုဗာက ခြေထောက်နဲ့ ဘောလုံးကစားတဲ့နေရာမှာ ဒီဂီယာထက် အပုံကြီးသာပါတယ်” “ဒီဂီယာနေရာမှာ ကိုဗာသာဖြစ်ခဲ့ရင် ငါတို့ ဖလား (၃) လုံးလောက် ထပ်ရပြီးလောက်ပြီ” လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။ ဒီဂီယာဟာ အသင်းရဲ့ ကစားကွက်မှာ ပူးပေါင်းပါဝင်နိုင်စွမ်းနည်းပါးခဲ့ပြီး ဒီအချက်ကြောင့်ပဲ တန်ဟက်ခ်က သူ့ကို အသင်းမှာ ဆက်ထားဖို့ ဆန္ဒမရှိဖြစ်ခဲ့ရတာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က