သူဝင်ရောက်လာလို့ အားလုံးကပျော်ရွှင်နေကြတယ်လို့ ဆိုပါတယ်။

ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုဟာ အသင်းကစားသမားတွေရဲ့ WhatsApp Group ထဲကို ဝင်ရောက်ခဲ့ပြီးနောက် အဝတ်လဲခန်းအတွင်း ပိုမိုရင်းနှီးမှုတွေရှိအောင် အားထုတ်နေပြီလို့ သိရပါတယ်။ အသင်းတွင်းမှာ လူငယ်ကစားသမားတွေရဲ့ အမူအကျင့်နဲ့ အကြံပေးမှုတွေကို နားမထောင်တဲ့အပေါ် လူသိရှင်ကြားဝေဖန်မှုတွေ ပြုလုပ်ခဲ့အပြီးမှာ လူငယ်တွေကို ပိုပြီးနီးစပ်နေဖို့ ရော်နယ်ဒိုက ပြုလုပ်လာခဲ့တာပါ။ 

အဆိုပါ WhatsApp Group မှာ ရက်ရှ်ဖို့ဒ်၊ အီလန်ဂါ၊ ဂျိမ်းစ်ဂါနာ၊ လင်ဂတ်တို့လည်းရှိနေပြီး ရော်နယ်ဒိုက အသက်အကြီးဆုံးဖြစ်လာပါတယ်။ ဒါဟာ အသင်းတွင်းစည်းလုံးညီညွှတ်မှုတွေပိုရှိလာဖို့အတွက် ပေါ်တူဂီသားဘက်က ရည်ရွယ်ခဲ့တာဖြစ်သလို သူနဲ့ လူငယ်ကစားသမားတွေကြား အသက်အရွယ်၊ အတွေ့အကြုံကွာဟချက်တွေကြောင့် အနေဝေးနေမှုတွေကို အဆုံးသတ်လိုက်တာလည်းဖြစ်တယ်လို့ ပရိသတ်တွေက ယူဆနေပါတယ်။ 


လူငယ်ကစားသမားတွေကလည်း ရော်နယ်ဒို အခုလိုလာပူးပေါင်းတဲ့အပေါ်မှာ ဝမ်းသာအားရဖြစ်နေတယ်လို့ သိရပြီး ဂရုတွင်းမှာ ဟာသတွေ၊ ရယ်စရာဗီဒီယိုတွေကို အပြန်အလှန်မျှဝေနေကြသလို ဗီဒီယိုဂိမ်းတွေနဲ့ ဖက်ရှင်ဒီဇိုင်းတွေ၊ သီချင်းတွေမျှဝေတာတွေလည်း ပြုလုပ်ကြတယ်လို့သိရပါတယ်။ ရော်နယ်ဒိုအတွက်တော့ အခုမှဘ၀ကိုစတင်မယ့် လူငယ်တွေနဲ့ အများကြီးကွာခြားနေပေမယ့် လိုက်လျောညီထွေဖြစ်လာအောင် ကြိုးစားနေတာလည်းဖြစ်ပါတယ်။

တဖက်မှာလည်း သူ့ရဲ့ကွင်းတွင်း၊ ကွင်းပြင် ဦးဆောင်နိုင်မှုကို အရှိန်မြှင့်ဖို့အတွက်ဖြစ်မယ်လို့ ထင်ကြေးပေးခံနေရပါတယ်။ ရင်းရင်းနှီးနှီးနေထိုင်ပြီး ပြောဆိုဆက်ဆံကာ လူငယ်ကစားသမားတွေကို ဦးဆောင်ပြီး အသင်းရလဒ်ကောင်းတွေရဖို့အထိ မျှော်လင့်နေတယ်လို့လည်း ဆိုပါတယ်။ ပုံစံကောင်းရဖို့ အားထုတ်နေရတဲ့ လူငယ်ကစားသမားတချို့အတွက်လည်း စိတ်အားတက်ကြွဖွယ်ရာဖြစ်လာပြီး အဆင်ပြေစေတယ်လို့ The Sun က သုံးသပ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က