မနေ့ညက ကစားသွားတဲ့ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲကျန်မှာ အိမ်ရှင် ယူနိုက်တက်က နယူးကာဆယ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက်အတွက်တော့ ဖိအားတွေအောက်က အနည်းငယ်သက်သာစေခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်အတွက် ဂိုးတွေကိုလည်း မိုင်နူး၊ ဒီယာလိုနဲ့ ဟွိုက်လန်းတို့က သွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုးအရင်ရရှိခဲ့တာက ယူနိုက်တက်ဖြစ်ပြီး မိုင်နူးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။
အဲ့ဒီနောက် နယူးကာဆယ်အတွက် ဂေါ်ဒွန်က ချေပဂိုးသွင်းခဲ့ပေမယ့် ဒီယာလို၊ ဟွိုက်လန်းတို့က ယူနိုက်တက်အတွက် ဂိုးတွေ ဆက်လက်သွင်းယူပေးခဲ့ပါတယ်။ နယူးကာဆယ်အတွက် ချေပဂိုးတစ်ဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ လူးဝစ်ဟောက သွင်းယူပေးခဲ့တာပါ။
ဒါပေမယ့် နယူးကာဆယ်တို့ သရေကျနိုင်မယ့် ချေပဂိုး ထပ်မံသွင်းယူဖို့မဖြစ်နိုင်တော့ဘဲ ယူနိုက်တက်ကသာ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်မှာ နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်အတွက် ဂိုးသွင်းယူခဲ့တဲ့ ကစားသမား သုံးယောက်စလုံးကလည်း အသက် (၂၁) နှစ်နဲ့အောက်တွေချည်းပါပဲ။ ဟွိုက်လန်းက အသက် (၂၁) နှစ်၊ ဒီယာလိုက အသက် (၂၁) နှစ်နဲ့ မိုင်နူးက အသက် (၁၉) နှစ်တို့ဖြစ်ပြီး လူငယ်ကြယ်ပွင့်တွေရဲ့ သွင်းဂိုးနဲ့ ယူနိုက်တက်တို့ နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။