သရုပ်ဆောင် ပိုင်အုပ်စိုးအောင်ဟာ အနုပညာရည်မှန်းချက်ကြီးတာကြောင့် ပညာရေးထက် အနုပညာကို ဦးစားပေးခဲ့သူတစ်ဦးပါ။ အဲဒီအချိန်မှာ အနုပညာအလုပ်တွေ ရပ်နားလိုက်ရတဲ့အတွက် စိတ်ဓာတ်တွေကျခဲ့ရတဲ့အကြောင်းနဲ့ အခုတော့ ကျောင်းတက်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း ပြောပြလာပါတယ်။
ဓာတ်ပုံ - ပိုင်အုပ်စိုးအောင်
"ကျောင်းသွားတက်ဖို့က တော့ ဒီနှစ်ကုန်လောက်ဖြစ်မယ်ထင်တယ်။ သေတော့မသေချာသေးဘူးပေါ့နော်။အလုပ်တွေ အရင်လို ပြန်လည်ပတ်လာရင်လည်း အလုပ်တွေပဲ လုပ်ဖြစ်မယ်နဲ့တူတယ်။ အနုပညာအလုပ်လုပ်မယ်ဆိုပြီး ကျောင်းနားလိုက်တာ ၃နှစ် ကျော်သွားတယ်။ အခုကျောင်းပြန်တက် တော့ ကလေးလေးတွေနဲ့ ဖြစ်နေတယ်" လို့ ပိုင်အုပ်စိုးအောင်က ပြောပြခဲ့ပါတယ်။
အလုပ်တွေ ရပ်နားလိုက်တာကြောင့် ဒီကာလမှာ စိတ်ဓာတ်ကျတာမျိုးတွေ ဖြစ်ခဲ့ပြီး ရည်မှန်းချက်တွေ လည်း ပျောက်ဆုံးသွားခဲ့ရသူတစ်ဦးပါ။
ဓာတ်ပုံ - ပိုင်အုပ်စိုးအောင်
ဓာတ်ပုံ - ပိုင်အုပ်စိုးအောင်
ဘယ်လိုပဲ စိတ်ဓာတ်ကျစရာတွေတွေ့တွေ့၊ ပိုင်အုပ်စိုးအောင်ရဲ့ ရည်မှန်းချက်ကတော့ မပြောင်းလဲသေးဘဲ အောင်မြင်တဲ့ မင်းသားတစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ စိတ်ကူးအိပ်မက်ရှိနေဆဲပါ။
"အခုအ ခြေအ နေ မှာ နိုင်ငံခြားကျောင်းပဲ ပြန်တက်ဖြစ်နေတယ်။ British University ကောလိပ်ကိုပြန်တက်နေတာပေါ့။ဒီလို အခြေအ နေနဲ့ ကျတော့ဘာဖြစ်လာမလဲ မသိနိုင်ဘူးလေ။ ပညာရေးကိုပဲ ဦးစားပေးမယ်ပေါ့လေ။ ကျွန်တော် UK သွားမယ်။ ကျွန်တော် UK သွားရင် ဟိုမှာ Film နဲ့ ပတ်သက်ပြီး တက်ရင် တက်မယ်။ ရုပ်ရှင် နဲ့ ပတ်သက်ပြီးတော့ပေါ့။ ရည်မှန်းချက် က တော့ အောင်မြင်တဲ့မင်းသားတစ်ယောက်ဖြစ်ချင်တယ်" ဆိုပြီး ပြောပြလာပါတယ်။
UK မှာ ကျောင်းသွားတက်ဖို့က တော့ ဒီနှစ်ကုန်ပိုင်းလောက် ကို စီစဉ် ထားပေမယ့်လည်း အရင်လို အလုပ်တွေသာ ပြန်လည်ပတ် လာရင် တော့ ဒီမှာပဲ အနုပညာအလုပ်တွေ လုပ်သွားဖြစ်မယ်လို့လည်း သူက ဆိုပါတယ်။
ဓာတ်ပုံ - ပိုင်အုပ်စိုးအောင်
ပိုင်အုပ်စိုးအောင်က ၂၀၁၇ ခုနှစ် က အနုပညာလောကထဲကိုရောက်ရှိလာခဲ့တာပါ ။ ကြော်ငြာတွေ MTV အများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် "နှလုံးသားနှင့်အနီးဆုံး "ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးလက်ခံမှုကိုရရှိလာခဲ့ပြီး နောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲတွေအများအပြားမှာ ပါဝင်လာရကာ ပရိသတ်အားပေးမှုအခိုင်အမာရရှိလာတဲ့ တက်သစ်စအနုပညာရှင်လေးတစ်ဦးဖြစ်လာပါတယ်။