တကယ်ကို မွန်မြတ်ပါပေတယ်။

Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်



 

သရုပ်ဆောင်ခိုင်နှင်းဝေတစ်ယောက် ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖူးကက်မြို့ မဲခေါင်ရပ် ဘန်ဘော်စွန်(၂) အနီး အလှူမင်္ဂလာမဏ္ဍာပ်မှာ ကျင်းပပြုလုပ်နေတဲ့ တရားပွဲမှာ သွားရောက်ပါဝင်ကုသိုလ်ယူနေတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ထိုင်းနိုင်ငံ Trang မြို့မှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို သွားရောက်တွေ့ဆုံရင်း အလှူဒါနလေးတွေ လုပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

'' ထိုင်းနိုင်ငံ Trang မြို့ရှိ မြန်မာနိုင်ငံသားများနှင့်သွားရောက်တွေ့ဆုံတဲ့အခါ ကျွန်မ ရဲ့ပရဟိတသို့ မြန်မာနိုင်ငံသားများလှူပေးသော အလှူ ငွေများအားလုံးကို ထိုင်းကယ်ဆယ်ရေးဆရာတော် ဦးဇောတိက အောင်သပြေကျောင်းဆောင်ဆရာတော်အား ကျွန်မ ရသမျှအလှူ ငွေ အားလုံးကို ပြန်လည်လှူတန်းခဲ့ပါတယ်ရှင်။ ကျွန်မ ရဲ့လုပ်အားဒါနလေးပါ။ ထိုကောင်းမှုအားလုံးကိုလဲအမျှပေးဝေပါတယ်။ ကျွန်မ သမီးလေး လည်း ခံစားရသမျှ သက်သာပြီးနေအမြန်ဆုံးပြန်ကောင်းပါစေလို့ဆုတောင်းပါတယ်'' ဆိုပြီးတော့ ဇူလိုင်လ ၁ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၄ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

ထိုင်းနိုင်ငံက မြန်မာတွေနဲ့တရားနာကုသိုလ်ယူနေတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေဟာ ဘာသာတရားလည်း ကိုင်းရှိုင်းသူတစ်ဦးဖြစ်ပါတယ်။ သူ ဦးဆောင်တဲ့ ပရဟိတအသင်းကနေ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ် တွေကိုလည်း သာသနာ့ဘောင်ထဲကို သွင်းပေးလေ့ရှိပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ပရဟိတ အသင်းရဲ့ ရည်ရွယ်ချက်ကတော့ ပြည်ပမှာ ရောက်ရှိ နေပေမယ့် ဒုက္ခရောက်နေကြတဲ့ မြန်မာလူမျိုးတွေကို အချင်းချင်း ကူညီရိုင်းပင်းပြီး တတ်စွမ်းသမျှကူညီပေးနိုင်ဖို့ အတွက် ရည်ရွယ်ချက် ထားတယ်လို့လည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။

Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ သူ့အနေနဲ့ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သံတမန်အဖြစ် ခန့်အပ်ခြင်း ခံရပြီး နောက်ပိုင်းမှာလည်း အမျိုးသမီးတွေနဲ့ ကလေးတွေအတွက်သူမတတ်စွမ်းသလောက် အားတက်သရော ပါဝင်ကူညီဆောင်ရွက် ပေးသူ တစ်ဦးလည်းဖြစ်ပါတယ်။ အဲ့ဒီနောက် ပြည်သူ့ဂုဏ်ရည်ဆု အတွက် ဆန်ခါတင်စာရင်းထဲပါဝင်နေသူတစ်ဦး လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က