ကျွန်တော် ကားမရှိတဲ့ အချိန်တုန်းကလိုမျိုး ကိုယ်ချင်းစာတယ်။

ကျော်ထူးကတော့ နယ်ကို ဇာတ်ကားရိုက်သွားတဲ့အခါ၊ ဖျော်ဖြေရေးတွေ၊ အငြိမ့်တွေ သွားကရတဲ့အချိန်မှာ ကားမရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အကူအညီပေးနိုင်ဖို့ ကားတစ်စီးဝယ်ခဲ့တယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း ကိုယ်ပိုင်ကားမရှိတဲ့အချိန်မှာ အခက်အခဲတွေ ကြုံခဲ့တယ်လို့ ပြောပါတယ်။

Photo: U Kyaw Htoo



ကျော်ထူးဟာ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်က ရတဲ့ အနုပညာကြေးတွေကို စုဆောင်းရင်း ကားတစ်စီး ဝယ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ကား ဝယ်ဖြစ်ခဲ့တာကတော့ သူ့မှာ ကိုယ်ပိုင်ကား မရှိတုန်းက အခက်အခဲတွေကို ကိုယ်ချင်းစာမိတဲ့အတွက် ဝယ်ခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ ကျွန်တော့် မိသားစုက ၄ ယောက်တည်းရှိပါတယ်။ ကားအသေးလေး တစ်စီးလောက်ရှိရင် ရပြီ။ ဒါပေမယ့် အငြိမ့်တွေသွားကတယ်၊ ဖျော်ဖြေရေးတွေ သွားကြတယ်၊ ဇာတ်ကားတွေ သွားရိုက်ကြမယ်ဆိုရင် ကျွန်တော် ကိုယ်ချင်းစာမိတာက ကျွန်တော် ကားမရှိတုန်းက ခံစားခဲ့ရတာတွေကြောင့် တချို့ ကားမရှိတဲ့ လူရွှင်တော်တွေ၊ ဟာသသရုပ်ဆောင်တွေကို ကျွန်တော့်ကားနဲ့ ခေါ်ဖို့ အခုစီးနေတဲ့ ကားကို အရစ်ကျစနစ်နဲ့ ဝယ်ခဲ့တာပါ” ဆိုပြီးတော့ ဇန်နဝါရီ်လ ၁ ရက်နေ့ က James ဂျိုကာ ဇာတ်လမ်းတွဲ ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: U Kyaw Htoo

သူကတော့ အရစ်ကျ စနစ်နဲ့ ကားရောင်းပေးတဲ့သူ ရှိတာကြောင့် ဒါကို အခွင့်အရေးတစ်ခုလို့ သတ်မှတ်လိုက်ပါတယ်တဲ့။ ကားအကြောင်းကို သေချာ နားမလည်ပေမယ့် အလုပ်နဲ့ပတ်သက်ပြီး ကားမရှိလို့ အခက်အခဲဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ်ချင်းစာတဲ့ ဆန္ဒကြောင့်ပါလို့ သူကဆိုပါတယ်။

“ အရစ်ကျစနစ်နဲ့ ရတော့လည်း ဝမ်းသာအားရနဲ့ ဝယ်လိုက်တာပေါ့။ များရင်လည်း များတယ် ကိုယ့်ကံပေါ့ဗျာ။ ကျွန်တော်က ကားအကြောင်းမှ နားမလည်တာ။ နားလည်တာကလည်း ပျက်လုံးပျက်ဖို့၊ စာရေးဖို့ပဲ နားလည်တယ်။ ကျန်တာ နားမလည်တော့ အဲဒီအခက်အခဲလေးတွေတော့ ကြုံရတယ်။ ဝယ်ပြီးမှာတော့လည်း နောင်တ မရတော့ပါဘူး” လို့ သူကဆိုပါတယ်။

Photo: U Kyaw Htoo

ကျော်ထူးကိုတော့ ဟာသလူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ နဲ့ ဇာတ်လမ်းတိုတွေမှာ ဟာသသရုပ်ဆောင် တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အစီအစဉ်တင်ဆင်သူ အနေနဲ့လည်း ဆောင်ရွက်နေတာမျိုးတွေရှိပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ကျော်ထူးဟာ ဇာတ်ညွှန်းရေးဆရာ၊ စာရေး ဆရာတစ်ယောက်အဖြစ်နဲ့လည်း ရပ်တည်နေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က