မထိုးရ မနေနိုင်လို့ပါတဲ့။

William Tun ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံနဲ့ လက်မှတ်ကို သူ့ရဲ့ လက်ပေါ်မှာ အမှတ်တရအနေနဲ့ တက်တူးထိုးခဲ့ ပါတယ်တဲ့။ သူကိုယ်တိုင်ကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် လေးစားရတဲ့အကြောင်းတွေ ပြောပြခဲ့ပါသေးတယ်။ 

Photo: William



Project K အဖွဲ့ဝင်တစ်ဦးဖြစ်သူ William Tun ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံနဲ့ လက်မှတ်တို့ကို သူ့ရဲ့ လက်ပေါ်မှာ တက်တူး ထိုးခဲ့လိုက်ပါတယ်။ ဒီ တက်တူး ထိုးရတဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။ 

"အပြုံးလေးတစ်ပွင့်တည်းနဲ့ လူပေါင်း သန်း ၆၀ လုံးအေးချမ်းသွားတယ်တဲ့"။ 13th Dec 2019 ရက်နေ့ အဲဒီပုံလေးမြင်ပြီးကတည်းက Tattoo ထိုးချင်စိတ်များပြင်းပြစွာဖြစ်ပေါ်လာသည်ကိုထိန်းမရပါ။ (လက်မှတ်ကိုတော့ ဗိုလ်ချုပ်ရဲ့ (၁၀၂) နှစ်ပြည့်မွေးနေ့မှာ အင်းလေးဖောင်ေ တာ်ဦးဘုရားပေါ်က သူမရဲ့ဆုတောင်းစာလေးအတိုင်းတစ်ပုံတစ်စံတည်းထိုးထားပါတယ်။) ပြည်ထောင်စုကြီးထာဝရငြိမ်းချမ်းပါစေ” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: William

William Tun အပါအဝင် Project K တစ်ဖွဲ့လုံးဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ဖူးကြပါတယ်။ သူတို့အတွက် သင်ယူစရာ စကားတွေလည်း ရှိခဲ့တယ်လို့ William Tun က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

“ ပညာရှိစကားတွေပေါ့နော် ။ သူပြောလိုက်တိုင်း ကျွန်တော်တို့တွေအတွက် အားဖြည့်စရာဖြစ်တယ်။ သင်ယူစရာတွေချည်းပဲ။ ကျွန်တော်တို့တွေဆိုရင် သူ့ရဲ့ မိန့်ခွန်းတွေကို ဖုန်းနဲ့ အမြဲတမ်းကြည့်တယ်။ အဲဒါတွေက နိုင်ငံရေးဆိုတာထက် ပြည်သူတွေကို သင်ပေးနေတာ။ သူပြောတဲ့ စကားတွေက အကုန်လုံး သင်ယူစရာတွေချည်းပဲ” လို့ ဆိုပါတယ်။

Photo: Kumudra

Project K အဖွဲ့ဟာ လူငယ်ကောင်လေး(၇)ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ခုနှစ်က ကိုရီးယာနိုင်ငံတွင် ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိ Project K အဖွဲ့ဟာ ပြီးခဲ့သော လပိုင်းလောက် The Beginning ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထွက်ရှိထားပါသေးတယ်။ Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ပါဝင်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က