X-Box က ‘’ချစ်သူများနေ့’’ ဆိုတာကို သိပ်စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သူက လူပျိုကြီး မလုပ်ပဲ အိမ်ထောင်ပြုမယ်၊ ကလေးယူမယ်လို့ စဉ်းစားထားပါတယ်တဲ့။
Photo: X-Box
မိန်းကလေးပရိသတ်အားပေးမှု အများကြီး ရရှိထားတဲ့ X-Box က အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်း လင်းပြောပြလာပါတယ်။ လူပျိုကြီးမလုပ်ဘူးလို့လည်း မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။
Photo: X-Box
X-Box က လက်ရှိမှာ ချစ်ရတဲ့ ချစ်သူရှိတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူက ဘယ်သူဆိုတာကိုတော့ ထုတ်ပြထားတာမျိုးမရှိပါဘူး။ မကြာခင်ကျရောက်သွားမယ့် ‘’ချစ်သူများနေ့’’ အစီအစဉ်ကိုလည်း အခုလို ပြောပြလာပါတယ်။
‘’ လူပဲဗျာ ရည်းစားထားဖူးတာပေါ့။ ချစ်သူရှိတယ် Ro ချင်တာပေါ့။ ဒါပေမယ့် လောလောဆယ် ဖေဖော်ဝါရီ ၁၄ ဆိုတာ ဘယ်လို ကုန်ဆုံးလို့ ကုန်ဆုံးသွားမှန်းမသိတာ ၃ နှစ်လောက်တော့ရှိပြီ’’ လို့ သူကဆိုပါတယ်။
Photo: X Box
အဲဒီနောက် ၂၀၁၉ ခုနှစ်မှာလုပ်သွားမယ့် X-Box ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ပြောပြလာပါတယ်။ ၂၀၁၉ မှာ တစ်ကိုယ်တော်ရှိုးပွဲလည်း လုပ်သွားမှာဖြစ်သလို တတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိသွားမယ်လို့ ဆိုပါတယ်။
‘’ တစ်ကိုယ်တော်ရှိုးပွဲ မလုပ်ခင် ကျွန်တော့်ရဲ့ တတိယမြောက်အခွေ ‘’Brand’’ လို့ အမည်ပေးထားတယ်။ ၂၀၁၈ မှာ ကျွန်တော် ပျောက်နေတယ်။ ၂၀၁၉ မှာတော့ ကျွန်တော် စုဆောင်းထားတဲ့ အရာတွေနဲ့ ပရိသတ်ဆီကို ပြန်လာမယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: X-Box
X-Box ကိုတော့ Rap သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူဟာ ‘’အိပ်ရေး မပျက်စေနဲ့’’ သီချင်းကနေ ပရိသတ်အားပေးမှု အများကြီးရရှိလာခဲ့တာပါ။ X-Box ဟာ ၂၀၁၄ ခုနှစ်က 4 Album ဆိုတဲ့ အခွေကို အဆိုတော် ရွှေထူး၊ အဆိုတော် ထက်ယံ၊ အဆိုတော် Lil’z တို့နဲ့ အတူ ထွက်ရှိခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၈ ခုနှစ်မှာ ၉၉ ပေါက်ဆိုတဲ့ ဒုတိယ တစ်ကိုယ်တော်အခွေကို ထွက်ရှိခဲ့ပါတယ်။ လက်ရှိမှာ လည်း X-Box ရဲ့ ‘’Hurt’’ ဆိုတဲ့ သီချင်းဟာ လူငယ်ပရိသတ်တွေ ကြားမှာ ရေပန်းစားလို့နေပါတယ်။
Share