ခန့်စည်သူကလည်း မှန်ကန်ကြောင်း ထောက်ခံခဲ့ပါသေးတယ်။

ခိုင်သင်းကြည်က ခန့်စည်သူ တစ်ယောက် လူပျိုကြီးဖြစ်နေရတဲ့ အကြောင်းအရင်းကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ ခိုင်သင်းကြည်ရဲ့ ပြောစကားအပေါ် ခန့်စည်သူကလည်း ထောက်ခံခဲ့ပါတယ်။

သရုပ်ဆောင် ခန့်စည်သူတစ်ယောက် လူပျိုကြီးဖြစ်နေရတဲ့ အကြောင်းအရင်းကို ခိုင်သင်းကြည်က မီဒီယာတွေ အရှေ့မှာ ပွင့်ပွင့်လင်းလင်းဖွင့်ပြောပြလိုက်ပါပြီ။ လက်ရှိမှာတော့ အပေါင်းအသင်းတွေနဲ့သာ ပျော်နေသူပါတဲ့။



‘’ အဲ့ဒါက သူ့စိတ်ပေါ့နော်။ သူက ညီမလေးတွေ၊ ညီလေးတွေ၊ အစ်မတွေနဲ့ နေရတာ သူပျော်နေပါတယ်။ သူငယ်ချင်းတွေကို သူ အချိန်ပေးနေတာပေါ့။ နို့မို့သာဆိုရင် မိန်းမယူလိုက်ရင် တစ်ယောက်တည်းအတွက်ပဲ အချိန်ပေးရမှာစိုးလို့ အပေါင်းအသင်းတွေကို အချိန်ပေးချင်လို့ပါတဲ့’’ လို့ ရယ်ရယ်မောမော နဲ့ သူကပြောပါတယ်။

ခိုင်သင်းကြည် ပြောလာတဲ့ စကားအပေါ် ခန့်စည်သူက ခေါင်းညိတ်ပြီး ထောက်ခံခဲ့ပါတယ်။ အဲ့ဒီလောက် သူကိုယ်တိုင် တစ်ကိုယ်တည်း လူပျိုကြီးဖြစ်နေရတဲ့ အကြောင်းကိုလည်း ဆက်လက်ပြောပြလာပါတယ်။

‘’ ကျွန်တော်လား၊ ကျွန်တော်ကတော့ အလုပ်တွေလည်း အများကြီးလုပ်ချင်ပါသေးတယ်’’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၃ ရက်နေ့ က ‘’သရဲသင်္ဘော’’ ရုပ်ရှင်ဇာတ်ကားအထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ခန့်စည်သူနဲ့ ခိုင်သင်းကြည်တို့ဟာ ဗီဒီယို ဇာတ်ကားခေတ်ကတည်းက သရုပ်ဆောင် အလုပ်တွေ အတူတူ တွဲလုပ်လာကြတဲ့ အနုပညာမောင်နှမတွေဖြစ်ပါတယ်။ ဇာတ်ကားတော်တော်များများမှာလည်း လိုက်ဖက်ညီအောင် အတူတွဲ သရုပ်ဆောင်ခဲ့ဖူးကြပါသေးတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် ‘’ သရဲသဘောၤ’’ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း သူတို့ နှစ်ယောက်ကို သရဲ ကာရိုက်တာတွေနဲ့ မြင်ရဦးမှာပါ။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ခန့်စည်သူ၊ ညီထွဋ်ခေါင်၊ သူရိယ၊ ခိုင်သင်းကြည်၊ ယုသန္တာတင်၊ ဆုအိမ့်စံ တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က