လာမယ့် ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေမှာ အသုံးပြုဖို့ရှိနေခဲ့တာပါ။

ဆွေးနွေးမှုအချို့ပြုလုပ်နေဆဲဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၂ဝနဲ့ အက်ဖ်အေတို့အကြား ညှိနှိုင်းမှုတွေလုပ်ဆောင်နေ ဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ ပြန်လည်စတင်ဖို့ရှိနေတဲ့ ပွဲစဉ်တွေအတွင်း လူစားလဲခြင်းဥပဒေကို ပြင်ဆင် လိုနေပြီး ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေအတွက် လူစား ၅ဦးလဲခွင့်ရမယ့်အစီအစဉ်ကိုအသုံးပြုဖို့ရှိနေ တယ်လို့ ဗြိတိန်မီဒီယာတွေရဲ့ ဖော်ပြမှုကို thesun က ကိုးကားဖော်ပြလာပါတယ်။

စည်းမျဉ်းဥပဒေအသစ်နဲ့ပတ်သက်ပြီး အသင်းတာဝန်ရှိသူတွေနဲ့အကြား ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်နေဆဲဖြစ် ပေမယ့် အဓိကရည်ရွယ်ချက်ကတော့ ပွဲစဉ်များစွာကို အချိန်တိုအတွင်းကစားရမယ့် ထိပ်တန်းကစားသမားတွေ ရဲ့ ကြံ့ခိုင်မှုပိုင်းလိုအပ်ချက်ကို ငဲ့ညှာသောအားဖြင့် လုပ်ဆောင်နေခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။



Dailymail ရဲ့ဖော်ပြချက်မှာတော့ ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေတဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီပရီးမီးယားလိဂ်ပွဲစဉ်တွေအတွင်း လူစားလဲစည်းမျဉ်းသစ်ကို အလျင်စလိုအသုံးပြုလိုနေပြီး လာ မယ့်ရာသီတွေမှာလည်း စည်းမျဉ်းသစ်အဖြစ်အသုံးပြုဖို့ အလိုရှိနေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေပါ တယ်။

ဥရောပရဲ့လိဂ်အချို့နဲ့ပွဲစဉ်အချို့မှာ အချိန်ပိုကစားရတဲ့ပွဲစဉ်တွေအတွင်း စတုထ္ထမြောက်လူစားလဲခွင့်ကို ခွင့်ပြု ထားပြီးဖြစ်သလို လက်ရှိမှာလည်း ကစားသမားတွေအတွက် ပိုပြီးအဆင်ပြေစေမယ့် လူသားဆန်တဲ့ဥပဒေတစ် ခုကို စတင်အသက်သွင်းဖို့ပြင်ဆင်နေတာဖြစ်တယ်လို့လည်း ပရီးမီးယားလိဂ်ပရိသတ်အချို့က မှတ်ချက်ပြုမှုေ တွရှိနေခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာအနေနဲ့ အဆိုပါဥပဒေအသစ်ကို စတင်ပြဌာန်းဖို့ ညှိနှိုင်းမှုတွေပြုလုပ်နေပြီး လက်ရှိ မှာ နိုင်ငံအချို့ရဲ့ထောက်ခံမှုကို ရရှိထားပြီးဖြစ်လို့ လာမယ့်အချိန်အတိုင်းအတာတစ်ခုအတွက် စည်းမျဉ်းဥပဒေ အသစ်တစ်ခုအဖြစ် သတ်မှတ်ချထားပေးနိုင်ချေရှိနေတယ်လို့လည်း သတင်းဖော်ပြမှုတွေအရ သိရပါတယ်။

Share

Loading Next Article...
က္က