သိပ်မကြာသေးခင်ကမှ Dota 2 ပရော်ဖက်ရှင်နယ်လောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ Cloud9 အသင်းကတော့ ကစားသမားအပြောင်းအလဲပြုလုပ်လိုက်ပြန်ပါပြီ။

သိပ်မကြာသေးခင်ကမှ Dota 2 ပရော်ဖက်ရှင်နယ်လောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ Cloud9 အသင်းကတော့ ကစားသမားအပြောင်းအလဲပြုလုပ်လိုက်ပြန်ပါပြီ။


vtfaded, skem တို့လို အရှေ့တောင်အာရှကစားသမားတွေကို Core နေရာပေးထားခဲ့တဲ့ Cloud9 အသင်းဟာ ESL One Los Angeles 2020 ကို SEA Region ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် Closed Qualifier တောင် တက်ရောက်နိုင်ခဲ့ခြင်း မရှိတာကြောင့် အခုလိုလူစားထိုးဖို့ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်။



Cloud9 အသင်းအစားထိုးလိုက်တဲ့ ကစားသမားတွေထဲမှာတော့ ပရိသတ်တွေခန့်မှန်းထားတဲ့အတိုင်း Fighting PandaS အသင်းက Eternal Envy နဲ့ Sneyking တို့ ၂ ဦးလည်း ပါဝင်လာခဲ့ပါတယ်။


Cloud9 အသင်းဟာ အရှေ့တောင်အာရှကစားသမား ၂ ဦးဖြစ်တဲ့ vtfadded, skem တို့ကို Active Roster ကနေ အနားပေးလိုက်ပြီး အမေရိကန်ကစားသမား FLee ကိုတော့ အသင်းကနေထုတ်ပယ်ခဲ့ပါတယ်။ သူတို့နေရာမှာ Fighting PandaS အသင်းကိုစွန့်ခွာလာတဲ့ Eternal Envy, Sneyking နဲ့ NiP အသင်းမှာနောက်ဆုံးကစားခဲ့တဲ့ Ace တို့ကို အစားထိုးလိုက်ပါတယ်။

Eternal Envy ကတော့ ထုံးစံအတိုင်း Position 1 Carry Role ကိုတာဝန်ယူသွားမှာဖြစ်ပြီး တစ်သက်လုံး Carry ကစားလာတဲ့ Ace ကတော့ Mid Role မှာကစားသွားမှာပါ။ နေရာစုံနီးပါးကစားခဲ့တဲ့ Misery ကိုတော့ Position 4 Supports Role ကို တာဝန်ပေးလိုက်ပြီး အသစ်ရောက်လာတဲ့ Sneyking က Offlane Role ကိုတာဝန်ယူသွားမှာဖြစ်ပါတယ်။


Cloud9 အသင်းရဲ့ Roster ကတော့

1. Eternal Envy

2. Ace

3. Sneyking

4. Misery

5. pieliedie တို့ပဲဖြစ်ပါတယ်။


လက်ရှိလူစာရင်းမှာ NA ကစားသမား ၂ ဦးသာပါဝင်ပေမယ့် ပြိုင်ပွဲတွေကိုတော့ NA Region ကနေတစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ NA Region ဟာ SA Region နည်းတူပြိုင်ဆိုင်မှုအားနည်းတဲ့ Region တစ်ခုဖြစ်ပြီး EG, Chaos Esports Club နဲ့ Fighting PandaS အသင်းတို့လောက်သာ အခိုင်အမာရှိပါတယ်။

အဲဒီလို Region မျိုးမှာ Cloud9 အသင်းအနေနဲ့ နေရာတစ်နေရာ အခြေတကျရယူနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ လူစာရင်းအသစ်နဲ့ပြန်လည်ဖွဲ့စည်းထားတဲ့ Cloud9 အသင်းကတော့ စတုတ္ထမြောက် Major Qualifier မှာပါဝင်ယှဉ်ပြိုင်ဖို့ သေချာသလောက်ရှိနေပြီး မေ ၂၆ ရက်နေ့မှာစတင်ကျင်းပမယ့် Non DPC Event ဖြစ်တဲ့ ESL One Birmingham 2020 Qualifier ကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်မလားဆိုတာကိုတော့ အသင်းဘက်က တိတိကျကျထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။


Written by Myo Thant Kyaw



ဆက်စပ်အကြောင်းအရာများ

Share

က္က