ဥရောပအခြေစိုက် အင်အားကြီး Esports အသင်းနှစ်ခုဖြစ်တဲ့ Team Liquid နဲ့ Alliance တို့ဟာ သူတို့ရဲ့ Dota 2 လူစာရင်းသစ်ကို ချပြလိုက်ပါတယ်။

      The International ချန်ပီယံဆုကို ဆွတ်ခူးခဲ့ဖူးတဲ့ အသင်းကြီးတွေဖြစ်တဲ့ Alliance နဲ့ Team Liquid တို့ဟာ The International 9 အလွန်မှာ ကစားသမားတွေအားလုံးစွန့်ခွာသွားတဲ့ဒဏ်ကို ခံစားခဲ့ရပါတယ်။ အခုအချိန်မှာတော့ နှစ်သင်းစလုံးဟာ သူတို့အသင်းတံဆိပ်အောက်ကနေ 2019-2020 DPC Season အတွက် တိုက်ပွဲဝင်သွားမယ့် ကစားသမားတွေကို ရရှိသွားပြီပဲဖြစ်ပါတယ်။




         Team Liquid ကတော့ နောက်ဆုံးကျင်းပခဲ့တဲ့ TI သုံးခုမှာ Top 4 ဝင်ခဲ့တဲ့ ကစားသမားတွေကို လက်လွှတ်လိုက်ရတာကြောင့် တော်တော်လေးကိုနစ်နာဆုံးရှုံးမှု များခဲ့တယ်လို့ ဆိုရမှာပါ။ အသင်းခေါင်းဆောင်ဟောင်း ဖြစ်သူ Kuroky ကတော့ သူ့အနေနဲ့ အကောင်အထည်ဖော်ချင်တဲ့ အစီအစဉ်သစ်တွေ ရှိတာကြောင့် Team Liquid ကိုစွန့်ခွာခဲ့တာဖြစ်တယ်လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။


Team Liquid ကတော့ လစ်လပ်နေတဲ့ Dota2 အသင်းကို အလျင်အမြန်ဆုံးအစားထိုးခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အစားထိုးမှုကတော့ ပရိသတ်တွေကြားမှာ အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပါတယ်။ Team Liquid ဟာ Alliance အသင်းရဲ့ TI9 Squad ကို ခေါ်ယူခဲ့တာပါ။

iNSaNiA ဦးဆောင်တဲ့ Squad ဟာ TI9 အလွန်မှာ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ဆုံးဖြတ်ခဲ့ပြီး Alliance အဖွဲ့အစည်းအောက်က ထွက်ခဲ့ပါတယ်။ အဲဒီလိုအသင်းလက်မဲ့ဖြစ်နေတဲ့ iNSaNiA တို့ Squad ကို ကစားသမားလက်မဲ့ ဖြစ်နေတဲ့ Team Liquid က စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ပါတယ်။

လက်ရှိ Team Liquid Dota2 အသင်းရဲ့ လူစာရင်းကတော့ -

1. miCKe

2. qojqva

3. Boxi

4. Taiga

5. iNSaNiA              တို့ပဲဖြစ်ပါတယ်။


qojqva အတွက်တော့ Team Liquid မှာ ဒုတိယအကြိမ်အဖြစ် ကစားပေးခြင်းပါ။ လက်ရှိကစားသမားတွေဟာ အရင် Kuroky တို့လောက် စွမ်းဆောင်ရည်ပိုင်းမှာ မကောင်းတာကြောင့် ပရိသတ်တွေကြားမှာ အငြင်းပွားဖွယ်ရာဖြစ်နေတာပဲ ဖြစ်ပါတယ်။ iNSaNiA တို့တစ်သိုက်အနေနဲ့ ပရိသတ်တွေရဲ့ဝေဖန်မှုတွေကို ခြေဖျက်သွားနိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖို့အလွန်ကောင်းပါတယ်။


         တစ်ဖက်မှာ ကစားသမားအားလုံးကိုစွန့်လွှတ်လိုက်ရတဲ့ Alliance ကလည်း တုန့်ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်းပဲ ကစားသမားအသစ်တွေကိုခေါ်ယူကာ အစားထိုးခဲ့ပါတယ်။ သူတို့ခေါ်ယူလိုက်တဲ့အသင်းကတော့ Ninjas In Pyjamas အသင်းက ကစားသမားဟောင်း နှစ်ဦး၊ Complexity Gaming က ကစားသမားဟောင်း နှစ်ဦးနဲ့ Mineski ကစားသမားဟောင်း တစ်ဦးတို့ပါဝင်တဲ့ အသင်းသစ်ကိုပါ။

လက်ရှိ Alliance ရဲ့ Roster ကတော့

1. NikoBaby

2. Limmp

3. 33

4. Handsken

5. Fata         တို့ပဲဖြစ်ပါတယ်။


         Fata ကတော့ တစ်သက်လုံးကစားလာတဲ့ Mid Position ကိုစွန့်လွှတ်ပြီး Position 5 Support ကိုပြောင်းကာ ဆော့ကစားတော့မှာပါ။ လက်ရှိလူစာရင်းအရတော့ Alliance ဟာ တော်တော်လေး Strong တယ်လို့ဆိုနိုင်မှာဖြစ်ပြီး DPC Season အသစ်မှာ ဘယ်အတိုင်းအတာထိရောက်အောင် စွမ်းဆောင်နိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဥရောပအခြေစိုက် အင်အားကြီးအသင်းတစ်သင်းပဲဖြစ်လာမလား လူမသိသူမသိနဲ့ပဲ ဇာတ်သိမ်းသွားမလားဆိုတာကတော့ သူတို့လက်စွမ်းအပေါ်မှာပဲ လုံးဝမူတည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က