အဲဗာတန်နဲ့ပွဲမှာ ဖြစ်ပွားခဲ့တာပါ။

မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ မနေ့ညက အဲဗာတန်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒဏ်ရာရချင်ယောင်ဆောင်ပြီး လူစားလဲခံရအောင် ကြိုးစားခဲ့တယ်လို့ ပရိသတ်အချို့က ယူဆနေကြပါတယ်။ ဒီပွဲမှာ ဟာလန်းက တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး မန်စီးတီးကလည်း အဲဗာတန်ကို အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။



ဒါ့အပြင် ဟာလန်းရဲ့ ဒီသွင်းဂိုးက သူ့အတွက် ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး (၃၆) ဂိုးဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်း မန်စီးတီးတို့ အနိုင်သေချာနေချိန်မှာတော့ ဟာလန်းက ကြားရက်မှာ ကစားဖို့ရှိတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ ဂွါဒီယိုလာထံ လူစားလဲပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ်။

ဂွါဒီယိုလာက ကွင်းဘေးမှာ ဘာနာဒိုဆေးလ်ဗား၊ ဂရီလစ်ရှ်တို့ကို လူစားလဲထည့်သွင်းဖို့ ပြင်ဆင်နေချိန်မှာ ဟာလန်းက ဒဏ်ရာအနည်းငယ်ရရှိထားဟန်နဲ့အတူ ဂွါဒီယိုလာနဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဂွါဒီယိုလာက ဟာလန်းနဲ့ ဂွန်ဒိုဂန်တို့ နှစ်ယောက်လုံးကို အနားပေးခဲ့ပါတယ်။ ဒါဟာ ဟာလန်းဘက်က တောင်းဆိုမှုကြောင့် ဂွါဒီယိုလာ လူစားလဲခဲ့တာဖြစ်တယ်လို့ ပရိသတ်တွေက ယူဆနေပါတယ်။

တစ်ဖက်မှာတော့ ဟာလန်းတစ်ယောက် အမှန်တကယ် ဒဏ်ရာပြဿနာရှိခဲ့လားလို့လည်း မန်စီးတီး ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။ ဟာလန်းအနေနဲ့ လူစားလဲမခံရခင်မှာ ပြိုင်ဘက်ဂိုးသမား ပစ်ဖို့ဒ်နဲ့ ထိခိုက်မိခဲ့ပြီး ဒါက ပင်နယ်တီရခဲ့သင့်ပေမယ့် ငြင်းဆန်ခံခဲ့ရပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ဟာလန်းက အခုလိုမျိုး လူစားလဲပေးဖို့ တောင်းဆိုခဲ့တာကြောင့် ပရိသတ်တွေက စိုးရိမ်နေကြတာပါ။ မန်စီးတီးဟာ လာမယ့်ဗုဒ္ဓဟူးနေ့ညမှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် အိမ်ကွင်းမှာ ရင်ဆိုင်ရဖို့ရှိနေပြီး အမှန်တကယ်မှာတော့ ဟာလန်းတစ်ယောက် ဒီပွဲအတွက် လုံလောက်တဲ့ အနားယူချိန် လိုအပ်တာကြောင့် အခုလိုမျိုး ပြုမူခဲ့တာက ဖြစ်နိုင်ခြေရာခိုင်နှုန်း ပိုမိုများပြားတယ်လို့ ဆိုနိုင်ပါတယ်။ 

Share

Loading Next Article...
က္က