ဂျက်ဆီ လင်ဂတ်ဟာ အိုးထရက်ဖို့ဒ်ကို ပြန်လာခဲ့တဲ့ပွဲစဉ်အတွင်းမှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဆီကနေ ချစ်မြတ်နိုးဖွယ် ကြိုဆိုမှုကို ရရှိခဲ့ပါတယ်။
လင်ဂတ်ဟာ မန်ချက်စတာယူနိုက်တက်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့တဲ့ ၂၂ နှစ်တာကာလအတွင်း အသင်းအတွက် ၂၃၁ ပွဲ ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ လက်ရှိမှာ နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် ကစားပေးနေတဲ့ လင်ဂတ်ဟာ အင်္ဂါနေ့ညမှာ ပထမဆုံးအကြိမ် ပြိုင်ဘက်ကစားသမားအဖြစ် အိုးထရက်ဖို့ဒ်ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ပွဲမတိုင်ခင်မှာ လင်ဂတ်က "ကောင်းမွန်တဲ့ နှုတ်ဆက်မှုကို ရရှိမယ်လို့ မျှော်လင့်လို့ရရင် ကောင်းပါလိမ့်မယ်။ ကျွန်တော် နောက်ဆုံးတစ်ကြိမ်တုန်းက မလုပ်ခဲ့ရတာ သိသာပါတယ်။ အဲဒီတော့ ပရိသတ်တွေနဲ့ ကျွန်တော့်အသင်းဖော်ဟောင်းတွေကို နောက်ထပ်တစ်ကြိမ် မြင်တွေ့ရမှာက ကောင်းမွန်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ အဲဒီကို အနိုင်ရရှိဖို့ သွားမှာပါ။ သူငယ်ချင်းတွေကို နောက်ထပ်တစ်ကြိမ် တွေ့ရဖို့မဟုတ်ပါဘူး။ အဲဒါက ကျွန်တော်တို့ အနိုင်ရဖို့လိုတဲ့ အရေးကြီးတဲ့ပွဲပါ"လို့ ပြောကြားခြ့တာဖြစ်ပါတယ်။
ဂျက်ဆီ လင်ဂတ်ဟာ မျှော်မှန်းထားတဲ့အတိုင်း နှုတ်ဆက်မှုမျိုး ရရှိခဲ့တာဖြစ်ပြီး ဒုတိယပိုင်းပွဲကစားချိန်အတွင်း တံကောက်ကြောဒဏ်ရာရရှိသွားခဲ့ပြီးနောက် လူစားလဲလှယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ ကွင်းဘေးစည်းကနေ ကွင်းထဲကနေ ထွက်ခွာဖို့ သွားနေချိန်မှာ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ မတ်တပ်ရပ်လက်ခုပ်တီး ကြိုဆိုနှုတ်ဆက်ခဲ့ကြတာဖြစ်ပြီး ဂျက်ဆီ လင်ဂတ်ကလည်း အိုးထရက်ဖို့ဒ်ပရိသတ်တွေနဲ့ စည်းလုံးညီညွတ်မှုကို ပြသတဲ့အနေနဲ့ လက်ခုပ်ပြန်တီးပေးခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းမှာ ရှိနေခဲ့တဲ့ နောက်ဆုံးနှစ်တွေမှာ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့်လည်း ဂျက်ဆီ လင်ဂတ်ဟာ အသင်းသမိုင်းမှာ တန်ဖိုးရှိတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်က ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့သလို နောက်ထပ်တစ်နှစ်အကြာ ဆောက်သမ်တန်ကို အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်းဖလားအောင်ပွဲမှာလည်း ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။