ရော်နယ်ဒိုဆီမှာ လည်ပင်းပြဿနာရှိနေတာပါ။

ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီနေ့ညမှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့ပွဲကို ဒဏ်ရာပြဿနာကြောင့် လွဲချော်သွားနိုင်ခြေရှိတယ်လို့ နည်းပြရန်းနစ်ဂ်က ပြောပါတယ်။ ရော်နယ်ဒိုဟာ လည်ပင်းဒဏ်ရာရရှိနေတာကြောင့် ဝက်စ်ဟမ်းနဲ့ပွဲကို ဝင်ကစားဖို့ မသေချာမရေရာဖြစ်နေပါတယ်။



ရော်နယ်ဒိုအနေနဲ့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ပွဲမှာ စောစောစီးစီး မိနစ် (၇၀) မှာတင် လူစားလဲခံခဲ့ရတာကြောင့် မကျေမနပ်ဖြစ်ခဲ့ပြီး ရန်းနစ်ဂ်ကလည်း ရော်နယ်ဒိုကို ချော့မော့ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အဲ့ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ဗီလာနဲ့ပွဲကိုလည်း တင်ပါးဆုံ ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါသေးတယ်။

ရော်နယ်ဒိုရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်းနစ်ဂ်က “ရော်နယ်ဒိုရဲ့ အနေအထားက ပြောရခက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ လည်ပင်းမှာ ပြဿနာရှိနေလို့ပါ။ သူ ဆေးဝန်ထမ်းတွေနဲ့ (၂) နာရီ၊ (၃) နာရီလောက် ကုသမှုခံယူခဲ့ရပြီး သူ့အခြေအနေ ဘယ်လိုရှိလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ရမှာပါ”

“ကာဗာနီကလည်း အသင်းနဲ့ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျနော်တို့ သူတို့နှစ်ယောက်နဲ့ပတ်သက်လို့ နောက်ဆုံးအချိန်ထိ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်မှာပါ။ ဘစ်ဆာကာကတော့ လွဲပါလိမ့်မယ်။ သူဖျားနာနေတုန်းပါ”

“လင်ဂတ်ကတော့ အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး ဝက်စ်ဟမ်းနဲ့ပွဲအတွက် အဆင်သင့်ရှိနေမှာပါ။ ဆန်ချိုက ဗုဒ္ဓဟူးနေ့မှာ နာရေးတခုကို သွားခဲ့ပြီး အခုထိ ဒီအရာရဲ့ အကျိုးဆက်တွေရှိနေပါသေးတယ်။ သူကစားနိုင်၊ မကစားနိုင်ဆိုတာကို ကျနော်တို့ စောင့်ကြည့်ရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က