ဂျော်ဂျင်ဟိုရဲ့ အမှားကနေ ချေပဂိုးပေးခဲ့ရတာပါ။

အာဆင်နယ်နဲ့ စပါးတို့ရဲ့ မြောက်လန်ဒန်ဒါဘီကတော့ တော်တော်လေးအကြိတ်အနယ်ရှိခဲ့ပါတယ်။ ဒီရာသီရလဒ်ကောင်းတွေ ရနေတဲ့ အသင်းတွေဖြစ်လို့ နှစ်သင်းစလုံးက အကောင်းဆုံးကစားနိုင်ခဲ့ပြီး ပရိသတ်တွေအကြိုက်တွေ့ခဲ့ရပါတယ်။ အိမ်ရှင်အာဆင်နယ်တို့ ထုံးစံအတိုင်း ပွဲကို ဦးဆောင်ကစားခဲ့ပေမယ့် အရင်ပွဲတွေကလိုမျိုး ကစားကွက်ပိုင်းက သိသိသာသာာ အသာစီးမရခဲ့ပါဘူး။ 

စပါးကလည်း အာဆင်နယ်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဟန့်တားထိန်းချုပ်ဖို့ ဦးစားပေးခဲ့တာ အလုပ်ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်တိုက်စစ် သိပ်ခရီးမတွင်ခဲ့ပါဘူး။ ဒါပေမယ့် ဆာကာရဲ့ ဧရိယာအတွင်းက ဘယ်ခြေကန်ချက်က စပါးနောက်ခံလူရိုမဲယိုနဲ့ ထိပြီး လမ်းကြောင်းပြောင်းဝင်သွားလို့ သူတို့ ဦးဆောင်ဂိုးရသွားခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်မှာ စပါးက တိုက်စစ်ဖွင့်ကစားလာပြီး အာဆင်နယ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ 

အာဆင်နယ်ဂိုးသမားဒေးဗစ်ရာယာ လက်စွမ်းပြနေခဲ့လို့ စပါးတို့ ဂိုးရဖို့ ခက်နေခဲ့ပေမယ့်လည်း သူတို့ရဲ့ အားထုတ်မှု နောက်ဆုံးတော့ အလုပ်ဖြစ်သွားခဲ့ပါတယ်။ မက်ဒီဆန်ရဲ့ အားထုတ်မှုကနေ ဆွန်က အနီးကပ်အပိုင်ပိတ်သွင်းခဲ့တာကို ရာယာ ဘာမှမတတ်နိုင်ခဲ့တော့ပါဘူး။ ချေပဂိုးပြန်ပေးလိုက်ရပြီး ပထမပိုင်းမှာ ၁ ဂိုးစီ သရေဖြစ်ခဲ့ပါတယ်။ 

ဒုတိယပိုင်း ၅၃ မိနစ်မှာတော့ အာဆင်နယ်တို့ ဦးဆောင်ဂိုး ပြန်ရသွားခဲ့ပါတယ်။ စပါးနောက်ခံလူရိုမဲယို လက်နဲ့ထိခဲ့လို့ ပင်နယ်တီရခဲ့တာကို ဆာကာက အပိုင်ကန်သွင်းခဲ့တာပါ။ မထင်မှတ်ထားတဲ့ အခြေအနေကနေ စပါးတို့ ဦးဆောင်ဂိုးပေးလိုက်ရတာပါ။

ဒါပေမယ့်လည်း ဂိုးပေးရပြီးနောက် ချက်ချင်းပဲ စပါးတို့ ချေပဂိုးပြန်ရခဲ့ပြီး ဂျော်ဂျင်ဟိုရဲ့ အမှားကနေ မက်ဒီဆန် ဘောလုံးရသွားပြီး ဖန်တီးပေးတာကို ဆွန်ဟောင်မင်ကပဲ အဆုံးသတ်သွားခဲ့တာပါ။ ၂ဂိုးစီ သရေဖြစ်တဲ့နောက် ပွဲက ပိုကြည့်ကောင်းလာပြီး စ့ပါးကလည်း ဂိုးထပ်ရဖို့ အားထည့်သလို အာဆင်နယ်ကလည်း အိမ်ကွင်းမှာ အနိုင်ရဖို့ အသားကုန်တင်ကစားခဲ့တာပါ။ တော်တော်လေးကို ပွဲက ပြိုင်ဆိုင်မှုပြင်းထန်လာခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာတော့ နှစ်သင်းစလုံးအားထုတ်မှုက ဂိုးမရခဲ့ဘဲ ဂိုးမပေး၇အောင်ကို အဓိကအာရုံစိုက်သွားခဲ့ပါတယ်။ ဒါကြောင့် ပွဲအရှိန်က ပြန်ကျသွားခဲ့ပြီး တဖက်နှစ်ဂိုးစီနဲ့ သရေပွဲဖြစ်ပြီး ဒါဘီပွဲမှာ အမှတ်ခွဲယူသွားခဲ့ရပါတော့တယ်။ နာကျင်အချိန်ပို ၁၀ မိနစ်အထိ ပေးခဲ့ပေမယ့်လည်း အာဆင်နယ်တို့ ဖိကစားနိုင်ခဲ့ရုံကလွဲရင် ဂိုးရဖို့တော့ မတတ်နိုင်ခဲ့ဘဲ သရေနဲ့ ကျေနပ်ခဲ့ရတာပါ။

Share

Loading Next Article...
က္က