ဆိုဆီဒက်ကိုအဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တာပါ။

ဘာစီလိုနာတိုက်စစ်မှူးလီဝန်ဒေါစကီးကတော့ သူ့ရဲ့ပထမဆုံးလာလီဂါသွင်းဂိုးတွေကို ရီးရဲလ်ဆိုဆီဒက်နဲ့ပွဲမှာ ရရှိသွားခဲ့ပါပြီ။ လာလီဂါအဖွင့်ပွဲမှာ ဗယ်လက်ကာနိုကို သရေသာကစာနိုင်ခဲ့ပြိး ဂိုးပေါက်ပျောက်ခဲ့တဲ့ ဘာကာဟာ အဝေးကွင်းမှာ ဆိုဆီဒက်ကို ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပြီး ပိုလန်တိုက်စစ်မှူးက ၂ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ 

အန်ဆူဖာတီနဲ့ ဒမ်ဘီလီတို့က တဂိုးစီသွင်းယူပေးခဲ့ကြပြီး ဘာစီလိုနာက ၄-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ လီဝန်ဒေါစကီးက လာလီဂါမှာ ပထမဆုံးဂိုးသွင်းနိုင်ခဲ့သလို ပထမဆုံးအကြိမ် တပွဲတည်း နှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သလို လူစားဝင်လာတဲ့ လူငယ်တိုက်စစ်မှူးအန်ဆူဖာတီကလည်း ထူးထူးခြားခြားခြေစွမ်းပြသွားခဲ့ပါတယ်။ 

၆၄ မိနစ်မှာ လူစားဝင်လာခဲ့ပြီးနောက် ၆၆ မိနစ်နဲ့ ၆၈ မိနစ်မှာ အန်ဆူဖာတီက ဒမ်ဘီလီ၊ လီဝန်ဒေါစကီးတို့အတွက် ဂိုးဖန်တီးပေးခဲ့ကာ ၇၉ မိနစ်မှာတော့ သူကိုယ်တိုင်က တဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘာစိလိုနာတို့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး အန်ဆူဖာတီကို လူစားလဲထည့်သွင်းမှုက ပွဲကို အဆုံးအဖြတ်ဖြစ်စေခဲ့တယ်လို့တောင်မှ ဆိုရမှာဖြစ်ပါတယ်။ 


အဖွင့်ပွဲကို အနိုင်မရထားတဲ့ ဘာကာက ဒီပွဲကိုတော့ ဖိဖိစီးစီးကစားခဲ့ပြီး လီဝန်ဒေါစကီးလည်း ဂိုးသွင်းနိုင်ခဲ့လို့ ကျေနပ်စရာကောင်းခဲ့ပါတယ်။ တိုက်စစ်ကစားသမားတွေအားလုံး ဂိုးရခဲ့တာက ပိုပြီးကျေနပ်စရာကောင်းသလို ခြေစွမ်းမပြနိုင်တာကြာနေပြီဖြစ်တဲ့ အန်ဆူဖာတီက လူစားဝင်လာပြီး လီဝန်ဒေါစကီးနဲ့အပြိုင် ခြေစွမ်းပြခဲ့တာကလည်း ဇာဗီအတွက် အားတက်စရာဖြစ်လာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က