ရန်ကုန် ရဲ အက်ဥပဒေနဲ့ပါ။

ရန်ကုန်မြို့ထဲက အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဝိုင်းဖွဲ့ပြီး အရက်သေစာသောက်စားသူတွေကို ဆက်ပြီး ဖမ်းဆီးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကသိရပါတယ်။

Photo - Yangon Police

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မှုခင်းကြိုတင် ကာကွယ်ရေးလုပ်ငန်းတွေအတွက် အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်မှာ အများပြည်သူနှင့်သက်ဆိုင်တဲ့ လူစည်ကားရာ ပန်းခြံများ၊ လမ်းဆုံလမ်းခွများ၊ တံတားတွေနဲ့ လူသွားစင်္ကြန်တွေပေါ်မှာဝိုင်းဖွဲ့စားသောက်သူတွေကို ဆက်လက်ဖမ်းဆီးမယ်လို့ပြောဆိုလိုက်ပါတယ်။




Photo - Yangon Police

"ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဖမ်းဆီးခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။ ကာလအပိုင်းအခြားတော့ သတ်မှတ်ထားတာ မရှိပါဘူး။ ပြည်သူတွေအနားယူအပန်းဖြေနေတဲ့ နေရာမှာ အဲ့လိုတွေသောက်စားနေရင် လုံခြုံရေးအရရော၊ တခြားပြည်သူတွေကိုရော စိတ်အနှောက်အယှက်ဖြစ်စေနိုင်လို့ဖမ်းတာပါ။"လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

လတ်တလောအဓိက ဖမ်းဆီးဆောင်ရွက်နေတဲ့ နေရာတွေကတော့ အပန်းဖြေနေရာတွေဖြစ်တဲ့ အင်းလျားကန်ဘောင်၊ လှည်းတန်းလမ်းဆုံအနား၊ စမ်းချောင်းပန်းခြံ နဲ့ တချို့သော မြို့နယ်များက ပန်းခြံတွေပဲဖြစ်ပါတယ်။

ဒီလိုဖမ်းဆီးရေးလုပ်ငန်းစဉ်ဟာ ရန်ကုန်ရဲအက်ဥပဒေအရ ဆောင်ရွက်တာဖြစ်ပြီး ဆက်တိုက်ဖမ်းဆီးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က