သမီးလေးကို စောင့်ရှောက်ဖို့ အင်အားအပြည့်ရှိတဲ့ မေမေတစ်ယောက်ပါ။

မျိုးစန္ဒီကျော်ဟာ Single Mother တစ်ယောက်အဖြစ် ရပ်တည်နေပေမယ့်လည်း သမီးလေးအတွက် အားအင်ကတော့ အပြည့်ပဲလို့ ဆိုပါတယ်။ သူမရဲ့ တစ်ဦးတည်းသော သမီးလေး အိမ်စည်မြင့်မိုရ်ကျော်ကလည်း ပရိသတ်အချစ်တွေအများကြီး ပိုင်ဆိုင်ထားသူလေးပါ။


Photo: မျိုးစန္ဒီကျော်

သရုပ်ဆောင်မျိုးစန္ဒီကျော်က တစ်ဦးတည်းသော သမီးလေး အိမ်စည်မြင့်မိုရ်ကျော်(ခ) ဂျူဝယ်လ် လေးရဲ့ လူချစ်လူခင်ပေါတဲ့အကြောင်းတွေပြောလာပါတယ်။ သမီးလေးကလည်း အနုပညာအလုပ်ကို ဝါသနာပါသူလေးပါလို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’သူကတော့ အနုပညာ ဝါသနာပါတယ်။ မျက်နှာမြင်ချစ်ခင်ပါစေ ဆုပြည့်ထားတယ်။ ချစ်စရာကောင်းတော့ သူ့ကို အရမ်းသဘောကျကြတယ်။ အစ်မ မအားလို့ ပုံတွေ မတင်ဖြစ်ရင်တောင် အစ်မ သမီးလေးပုံတင်ပါဦး ဆိုပြီး လာလာပြောကြတယ်။ အဲ့လိုဆိုတော့ဝမ်းသာရတာပေါ့လေ နော်’’ လို့ သူကဆိုပါတယ်။

Photo: မျိုးစန္ဒီကျော်

မျိုးစန္ဒီကျော်ဟာ သမီးလေးကို Single Mother တစ်ယောက်အနေနဲ့ ကျွေးမွေးစောင့်ရှောက်နေတာဖြစ်ပါတယ်။ Single Mother တစ်ယောက်အဖြစ် ရပ်တည်နေချိန်မှာလည်း သူမကိုယ်သူမ စိတ်ဓာတ်ကျတာမျိုးတွေ မရှိဘူးလို့ ဆိုပါတယ်။

‘’Single Mother အနေနဲ့အားအင်အပြည့်ပါပဲ။ အစ်မတို့ဒီဘက်ခေတ်မှာတော့ အကုန်လုံးက Single Mother မို့လို့ ဆိုပြီးမရှိတော့ဘူး သားသမီးတစ်ယောက်ကို မိခင်တစ်ယောက်ထဲနဲ့ အစစအရာရာ ပံ့ပိုးပြီးတော့ ရပ်တည်နေတယ်ဆိုရင် ပို ပြီးတော့လေးစားကြတယ်။ Respect ထားကြတယ်။ ခေတ်က သူ့ဘာသာသူပြောင်း သွားတာပေါ့’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က စမိုင်းလ်ရဲ့ ‘’ဝသောသူကို ကြင်နာပါ’’ စာအုပ်မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: မျိုးစန္ဒီကျော်

သမီးလေး ဂျူဝယ်လ် နဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို မျိုးစန္ဒီကျော်က မကြာခဏ ထုတ်ပြောလေ့ရှိသူပါ။ ကိစ္စအဝဝကိုလည်း အမေတစ်ယောက်အဖြစ် သမီးလေးအရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးနိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့လည်း ပြောပြထားပါတယ်။

‘’မိန်းမတွေကလည်း ငါတို့လုပ်ပြနိုင်တယ်ဆိုတဲ့စိတ်ဓာတ်နဲ့ သွားကြတာဆိုတော့ ဘယ်လိုမှ မနေဘူး။ သမီးအတွက် အရာရာ အစ်မပဲ ရှိတာ။ အစ်မက သမီးရဲ့အရှေ့မှာအမြဲတမ်းရှိတယ်။ အစ်မအတွက် အရာရာသမီးလေးပါပဲ။ စိတ်တွေရှုပ်လာပြီ စိတ်ညစ်လာပြီဆိုရင် သမီးနဲ့ပဲ နေတယ်။သမီးနဲ့အတူတူဆော့တယ် သူ့ကိုကြည့်လိုက်တာနဲ့ ငါ စိတ်ညစ်နေ လို့ မရဘူး သမီးရှိတယ် သမီးအတွက်လုပ်ရမယ် ဆိုတဲ့ စိတ်နဲ့ ပြန်ထတာပေါ့နော်’’ လို့ ဆက်လက်ပြောပြခဲ့တာပါ။

Photo: မျိုးစန္ဒီကျော်

ဇာတ်ကားမရိုက်တာ လေးနှစ်ကျော်၊ ငါးနှစ်လောက် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော်ကို မကြာခင် TV ဖန်သားပြင်ထက်မှာ ပြန်လည် မြင်တွေ့ရတော့မှာပါ။ တစ်ခေတ်တခါက အောင်မြင်ခဲ့တဲ့သူမဟာ အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ရတာပါ။ အခုတော့ သူမဟာ သမီးလေးနဲ့ မိသားစုအတွက် အရင်ကထက် အလုပ်တွေ ပိုပြီး ကြိုးစားသွားမယ်လို့လည်း မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က