ဘာကာနဲ့ပွဲအတွက် ပြောဆိုခဲ့တာပါ။

ဘိုင်ယန်မြူးနစ်နဲ့ကစားရမယ့် ဒီနေ့ညပွဲစဉ်မှာ သူ့ရဲ့အကောင်းဆုံးအသင်းကိုသာ ပွဲထုတ်သွားမှာဖြစ်တယ်လို့ ဘိုင်ယန်နည်းပြနာဂယ်စမန်းက ပြောဆိုလိုက်ပါတယ်။ နောက်တဆင့်ကို တက်ရောက်ထားပြီးဖြစ်တဲ့ ဘိုင်ယန်ဟာ အဓိကကစားသမားတွေကို အနားပေးလို့ရတဲ့ အနေအထားမှာရှိနေပြီး သတင်းထောက်တွေက ဒီမေးခွန်းကို မေးမြန်းခဲ့ရာမှာ ရနိုင်သမျှ အကောင်းဆုံးလူစာရင်းကို အသုံးပြုမယ်လို့ ပြန်ဖြေခဲ့တာပါ။ 

တဖက်မှာတော့ ဘာစီလိုနာက မြူးနစ်မှာ ဘိုင်ယန်ကို မဖြစ်မနေနိုင်ပွဲရဖို့ လိုအပ်နေပါတယ်။ ဘင်ဖီကာနဲ့အပြိုင်အဆိုင်ဖြစ်နေပြီး သရေ (သို့) အရေးနိမ့်ခဲ့ပြီး တဖက်မှာ ဘင်ဖီကာက အနိုင်ရခဲ့မယ်ဆိုရင် ဘာကာတို့ ယူရိုပါလိဂ်ကို ဆင်းကန်ရတော့မှာပါ။ ဒါကြောင့် နာဂယ်စမန်းရဲ့ ပြောဆိုခဲ့မှုက ဘိုင်ယန်အတွက်တော့ စိုးရိမ်စရာကောင်းလာခဲ့ပြီဖြစ်ပါတယ်။ 

"အသင်းပွဲထွက်လူစာရင်းကိုတော့ ကျွန်တော်တို့ ရနိုင်သမျှ အကောင်းဆုံးအသင်းနဲ့ကစားသွားမှာပါ၊ လစ္စဘွန်းကို (ဘင်ဖီကာ) ကနေ ကြိုဆိုနှုတ်ဆက်လိုက်ပါတယ်၊ စိတ်မပူပါနဲ့" လို့ နာဂယ်စမန်းက ပြောဆိုခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်မှာ ဂေါ်ရက်ဇ်ကာ၊ နာဘရီ၊ ဆာဘစ်ဇာတို့ ဒဏ်ရာရရှိထားပြီး ကင်မစ်ချ်ကလည်း ကိုဗစ်ကူးစက်ခံထားရတာကြောင့် ပါဝင်နိုင်ဖွယ်မရှိပါဘူး။ 

"ကင်မစ်ချ်က မနက်ဖြန်ဆေးပြန်စစ်ပြီးရင် ကွာရန်တင်းထွက်ပြီး ပုံမှန်ဖြစ်တော့မှာပါ၊ ဒါပေမယ့် သူ ကစားတာကိုတော့ မြင်ရမှာမဟုတ်ပါဘူး၊ စနေနေ့အတွက်ပဲ သူ့ကို ကျွန်တော်တို့ စဉ်းစားထားပါတယ်" လို့ နာဂယ်စမန်းက ထပ်ပြောခဲ့ပါတယ်။ ဘာမှအရေးမကြီးတဲ့ပွဲမှာ လူစုံထုတ်အသုံးပြုမယ်လို့ နာဂယ်စမန်းက ပြောဆိုခဲ့တာဟာ ဘာစီလိုနာအတွက် ခက်ခဲတဲ့ပွဲတစ်ပွဲကိုရင်ဆိုင်ရမယ့် သဘောလည်းဖြစ်ပါတယ်။ 

ချန်ပီယံလိဂ်ဖလားကို ၄ ကြိမ်ဆွတ်ခူးထားပြီး ဥရောပကိုပါ လွှမ်းမိုးခဲ့တဲ့ ဘာစီလိုနာကတော့ ကပ်ရောဂါစတင်ချိန်မှာ ပြသနာတွေစတင်လာခဲ့ပြီး အခုဆိုရင် ချန်ပီယံလိဂ်မှာပါ အုပ်စုအဆင့်ကတက်နိုင်ဖို့ ရုန်းကန်နေရတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က